မိန်းကလေးတိုင်းက ကိုယ်တကယ်ချစ်ရတဲ့သူအတွက် အကောင်းဆုံးလူတွေဖြစ်ချင်ကြတာချည်းပါပဲ့။ ကိုယ်ချစ်တဲ့သူရဲ့အချစ်ဆုံးနေရာကိုလည်း သူတို့ပဲဖြစ်ချင်ကြတာပါနော်။ ဒါကြောင့် ကိုယ့်ရဲ့ကောင်လေးဆီက အချစ်ခံရဖို့ အမှတ်ပေးခံရဖို့ ကြိုးစားနေတဲ့ပျိုမေလေးတွေရေ….

ဒီတော့ ချစ်သူကောင်လေးအတွက် အရင်ကထက် ပိုတော် ပိုချစ်ဖို့ကောင်းတဲ့ ချစ်သူကောင်မလေးတစ်ယောက်ဖြစ်နိုင်ဖို့ သိထားသင့်တဲ့အချက် (၉) ချက်ကို ပြောပြပေးလိုက်ပါတယ်နော်။

အားပေးဖေးမပေးဖို့ မမေ့ပါနဲ့

သင်ချစ်သူက ဘယ်လောက်ပဲတော်နေပါစေ သင့်အားပေးဖေးမတာကိုတော့ လိုချင်လေ့ရှိပါတယ်။ သူတို့ရဲ့ အိပ်မက်တွေတကယ်ဖြစ်လာဖို့ သင်က ဘေးကနေ အားပေးစကားတွေနဲ့ ပံ့ပိုးပေးရပါမယ်။ သင့်ချစ်သူကို ဘယ်လိုလုပ်ပေးရင် သူတို့ဘဝပိုတိုးတက်မလဲဆိုတာ အမြဲအတူတူစဉ်းစားပေးပါ။

ဖုန်းသိပ်မသုံးပါနဲ့

သင်က ဖုန်းနဲ့မျက်နှာမကွာဖြစ်နေရင် သင့်ချစ်သူအတွက် အချိန်မပေးနိုင်ဖြစ်ပါလိမ့်မယ်။ ဒီတော့သူနဲ့တွေ့တဲ့အချိန် ဖုန်းပဲကြည့်မနေဘဲ သူ့ကိုလည်း ဂရုစိုက်ပေးပါ။

မတုံ့ပြန်ခင် သေချာစဉ်းစားပါ

သင်နဲ့သူ အခန့်မသင့်လို့ စကားများတဲ့အချိန် သေချာစဉ်းစားပြီးမှ ပြောသင့်ပါတယ်။ သူ့ကို နာကျင်စေတဲ့စကားတွေ၊ မမှန်ဘဲစွပ်စွဲတဲ့စကားတွေကို အလွန်အကျွံမပြောသင့်ပါဘူး။ ကိုယ်က သူ့ကို အနိုင်ယူနိုင်တယ်ဆိုပြီး စကားကျွံတာမျိုး မဖြစ်သင့်ပါဘူး။

မျှော်လင့်ချက်တွေကို ထားသင့်တဲ့နေရာမှထားပါ

ဘယ်သူမှမပြည့်စုံပါဘူး။ သင့်ချစ်သူလည်း လူပါပဲ။ သင်ဖြစ်စေချင်တဲ့အရာအတိုင်း သူတစ်ထပ်တည်း မဖြစ်နိုင်ပါဘူး။ သူလည်း အမှားနဲ့မကင်းပါဘူး။ အများကြီးမျှော်လင့်ချက်တွေမထားဘဲ ချစ်ပေးပါ။

သူတစ်ယောက်တည်းနေဖို့ အချိန်ပေးပါ

လူတစ်ယောက်နဲ့တွဲတဲ့အချိန်မှာ သူနဲ့ပဲ တစ်ချိန်လုံးရှိချင်တာ နားလည်ပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဆိုတာရှိပါတယ်။ သင်နဲ့ပဲ တစ်ချိန်လုံး စကားပြောနေရမယ်။ သင်နဲ့ပဲ အပြင်သွားရမယ်။ အဲ့လိုတစ်ယူသန်အစွဲတွေ မထားသင့်ပါဘူး။

နားပူနားဆာလုပ်တာတွေ လျှော့ပါ

သူ့ကို ဘယ်ကိုမသွားရဘူး။ ဘာမှမလုပ်ရဘူး။ စတဲ့နားပူနားဆာလုပ်တဲ့အရာတွေကို အများကြီးမပြောပါနဲ့။

သူတို့ရဲ့ Privacy ကိုလေးစားပါ

သင်က သူတို့ကို မယုံကြည်လို့ Facebook Password အတင်းတောင်းတာတွေ မလုပ်ပါနဲ့။ လူတိုင်းမှာ သူ့လျို့ဝှက်ချက်နဲ့သူရှိပါတယ်။ သူက သင့်ကို အရမ်းချစ်ရင် သူ့အကြောင်းတွေပြောပြပါလိမ့်မယ်။

အရင်ကသူ့အတွက် လှပေးခဲ့သလို အမြဲလှနေပါ

တချို့မိန်းကလေးတွေက ချစ်သူနဲ့တွဲတဲ့အချိန် ကြာတာနဲ့အမျှ သူတို့ကိုယ်သူတို့ ပြင်ပြင်ဆင်ဆင်မရှိတော့ပါဘူး။ ဒီလိုမနေဘဲ သူ့ဆီက စိတ်ဝင်စားမှုအမြဲရအောင် ကြိုးစားနေပါ။ ကိုယ့်ကိုကိုယ် အမြဲအလှဆုံးဖြစ်အောင် ပြင်ဆင်ပါ။

အသစ်အသစ်တွေကို တူတူလုပ်ကြည့်ပါ

လုပ်နေကျအရာတွေမဟုတ်ဘဲ သူနဲ့အတူ ဝါသနာအသစ်တွေလုပ်ကြည့်ပါ။ အတူတူခရီးသွားတာ၊ အတူတူတောင်တက်တာ၊ အတူတူအားကစားလုပ်တာ စတဲ့မလုပ်ဖူးတဲ့အရာတွေကို လုပ်ကြည့်ပြီး အမှတ်တရတွေကိုဖန်တီးပေးပါ။

Source: Herbeauty.co