အမုန်းတရားတွေရှိနေတာ ကိုယ့်အတွက်လည်းမကောင်းသလို၊ တခြားသူအတွက်လည်း မကောင်းပါဘူး။ ကိုယ်တိုင်လည်း အေးချမ်းမှုမရှိပါဘူး။ အေးအေးချမ်းချမ်းနဲ့နေချင်ရင် စိတ်ပျော်ရွှင်ချင်ရင် အမုန်းတရားတွေဖယ်ပြီး ချစ်တတ်တဲ့စိတ်မွေးမြူကြည့်ပါ။ အကောင်းမြင်တဲ့စိတ်ထားပါ။ သင်ကိုယ်က စိတ်အေးချမ်းပြီး အမုန်းတရားတွေမရှိတဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေနဲ့ စတင်ကြိုးစားကြည့်လိုက်နော်။

မေတ္တာ၊ ဂရုဏာထားပါ

သတ္တဝါတိုင်းကို မေတ္တာ၊ ဂရုဏာထားပြီး ဆက်ဆံပါ။

မကောင်းတဲ့အမြင်နဲ့မဝေဖန်ပါနဲ့

အရာရာကို ကောင်းတဲ့စိတ်နဲ့ပဲကြည့်ပါ။ မကောင်းတဲ့စိတ်၊ မကောင်းတဲ့အမြင်နဲ့ကြည့်ပြီး မဝေဖန်ပါနဲ့။

စိတ်ရှည်သည်းခံပါ

စိတ်ရှည်သည်းခံတတ်တဲ့စိတ်မွေးပါ။ စိတ်မရှည်တတ်တဲ့သူ၊ သည်းမခံတတ်တဲ့သူဖြစ်နေရင်လည်း ကြိုးစားကြည့်ပါ။

ကြင်နာပါ

သတ္တဝါတိုင်းကို သနားကြင်နာပါ။ ကြင်နာတတ်တဲ့စိတ်၊ ကိုယ်ချင်းစာတတ်တဲ့စိတ်လေး ထားကြည့်ပါ။

မနာလိုဝန်တိုမှုတွေမထားပါနဲ့

မနာလိုဝန်တိုမှုတွေက ပူလောင်ပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ အနာလိုဝန်တိုမှုမထားပါနဲ့။

ကိုယ့်ကိုယ်ကိုနှိမ့်ချပါ

ဂုဏ်မောက်ပြီး မောကြွားတာမျိုးမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီးပဲနေပါ။

ခွင့်လွှတ်တတ်တဲ့စိတ်မွေးပါ

အငြိုးအတေးတွေမထားပဲ ခွင့်လွှတ်တတ်တဲ့စိတ်မွေးပါ။ ကိုယ်တိုင်လည်း အေးချမ်းပါတယ်။

တစ်ကိုယ်ကောင်းမဆန်ပါနဲ့

တစ်ကိုယ်ကောင်းအရမ်းဆန်တာလည်း မကောင်းပါဘူး။ ကိုယ့်အတွက်ချည်းပဲမတွေးပါနဲ့။ တစ်ဖက်လူအတွက်လည်း အမြဲငဲ့ကြည့်ပါ။

ချစ်တတ်တဲ့စိတ်ထားပါ

အရာရာကို ချစ်တတ်တဲ့စိတ်ထားကြည့်ပါ။ သတ္တဝါတိုင်းကို ချစ်တတ်တဲ့စိတ်ထားရင် ကိုယ့်အတွက်လည်း ကောင်းပါတယ်။

သစ္စာရှိပါ

ဘဝမှာအရေးအကြီးဆုံးထဲကတစ်ခုကတော့ သစ္စာရှိဖို့ပါပဲ့။ အရာရာတိုင်းကို သစ္စာရှိပါ။

Photo Source:freepik