တစ်ခုခုဆို အရမ်းစိတ်ထိခိုက်လွယ်တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲသင့်ပါတယ်။ မပြောင်းလဲပဲ စိတ်ထိခိုက်လွယ်နေရင် ကိုယ်ပဲပိုခံစားရပြီး ကြာလာရင် အားနည်းတဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် စိတ်ထိခိုက်လွယ်တဲ့သူတွေအနေနဲ့ ပြောင်းလဲသင့်တဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ပြောပြပေးလိုက်ပါတယ်။

Overthinking မဖြစ်ပါနဲ့

စိတ်ထိခိုက်လွယ်တဲ့သူတွေက အရမ်းကို Overthinking ဖြစ်ကြပါတယ်။ တစ်ခုခုဆို ဘာမဟုတ်တာလေးကအစ Overthinking ဖြစ်ပြီး ပိုစိတ်ပင်ပန်းနေရတာ၊ ပိုပြီး စိတ်ထိခိုက်လွယ်နေကြတာပါ။

ကောင်းတဲ့ဘက်ကိုပဲအရင်တွေးပါ

စိတ်ထိခိုက်လွယ်တဲ့အကျင့်ကို အကောင်းဘက်ကို ပြောင်းလဲပစ်တဲ့အနေနဲ့ ဘာကိုပဲတွေးတွေး ကောင်းတဲ့ဘက်ကိုပဲတွေးပါ။ အဆင်မပြေတာတစ်ခုခု ဖြစ်လာရင်တောင်မှ အကောင်းဘက်ကို ပြောင်းတွေးနိုင်အောင် ကြိုးစားပါ။ ဒါဆိုရင် စိတ်သက်သာရာရပြီး စိတ်ပေါ့ပါးနေပါလိမ့်မယ်။

ပျော်ရွှင်စေမယ့်အရာတွေပဲရွေးချယ်ပါ

အများကြီးမတွေးပဲ ကိုယ်ပျော်ရွှင်မယ့်အရာတွေကိုသာ ဦးစားပေးရွေးချယ်ပါ။ ပျော်ရွှင်နေရင် စိတ်ထိခိုက်လွယ်တဲ့အကျင့်လည်း တစ်ဖြေးဖြေးနဲ့ ပျောက်ဆုံးသွားမှာပါ။ အဓိကက ပျော်နေဖို့ပါပဲ။

တရားထိုင်ပါ

တရားထိုင်ပေးခြင်းက စိတ်ပင်ပန်းမှုတွေ၊ ဒေါသတွေကို လျော့ကျစေပြီး စိတ်ကိုလည်း ထိန်းချုပ်ပေးနိုင်တာကြောင့် စိတ်ထိခိုက်လွယ်တဲ့ အကျင့်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

လူတိုင်းကိုကိုယ့်စိတ်နဲ့မနှိုင်းပါနဲ့

လူတိုင်းကို ကိုယ့်စိတ်နဲ့နှိုင်းပြီး ခံစားနေရင်တော့ ဘယ်တော့မှ ခံစားလို့ပြီးမှာမဟုတ်ပါဘူး။ စိတ်ထိခိုက်လွယ်တဲ့သူတွေအတွက်ဆို ပိုဆိုးတာပေါ့။ ဒါကြောင့် ဘယ်တော့မှ လူတိုင်းကို ကိုယ့်စိတ်နဲ့မနှိုင်းပါနဲ့။ ဒါဆိုရင် နည်းနည်းလောက်တော့ စိတ်သက်သာရာရပြီး သိပ်ခံစားဖြစ်တော့မှာ မဟုတ်ပါဘူး။

ဘယ်သူဘာပြောပြောစိတ်ထဲမထားပါနဲ့

စိတ်ထိခိုက်လွယ်တဲ့သူတွေအတွက် အရေးအကြီးဆုံးအချက်က ဘယ်သူဘာပြောပြော စိတ်ထဲမထားဖို့ပါပဲ။ စိတ်ထိခိုက်လွယ်တဲ့သူတွေ အများစုက သူများပြောသမျှ စိတ်ထဲထားပြီး တစ်နုပ်နုပ်နဲ့ ခံစားနေကြတာပါ။ ဒီလိုတွေဖြစ်လေ စိတ်ထိခိုက်လွယ်လာလေဖြစ်ပြီး အမြဲပူလောင်နေရပါလိမ့်မယ်။