အားလုံးပဲ မင်္ဂလာပါနော်။ အသားအရေအစိုဓာတ်ခန်းခြောက်တာက Dry Skin ရှိသူတွေအပြင် အသားအရေအမျိုးအစားမရွေး ခံစားရနိုင်တဲ့ အခြေအနေတစ်ခုပါ။ အသားအရေမှာ အစိုဓာတ်နည်းလာတဲ့အခါ သင့်မျက်နှာက အချိန်တိုင်းပင်ပန်းနေတဲ့ပုံပေါက်လာတာ၊ မျက်ကွင်းတွေညိုလာတာ၊ နဖူးနဲ့ ပါးနေရာတွေမှာ Sensitive ဖြစ်လာတာနဲ့ အရေးအကြောင်းပေါ်လာတာတွေ ဖြစ်တတ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလို အသားအရေမွဲခြောက်လာတယ်လို့ ခံစားရတယ်ဆိုရင်တော့ ပြန်လည်စိုပြေစေဖို့ ဒီဆောင်းပါးမှာပါတဲ့ ထိန်းသိမ်းနည်းလေးတွေကို လုပ်ကြည့်သင့်ပါတယ်နော်။

၁။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားကို Eye Cream လေး လိမ်းပေးနိုင်ပါတယ်

အသားအရေအစိုဓာတ်မရှိရင် သင့်နှုတ်ခမ်းတွေလည်း ကွဲအက်ခြောက်သွေ့လာမှာပါ။ ဒီလိုဖြစ်တဲ့အခါ Eye Cream ကို သင့်နှုတ်ခမ်းမှာ လိမ်းပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ အရေပြားကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် အကြံပြုထားတဲ့နည်းဖြစ်ပြီး Eye Cream အများစုမှာပါတဲ့ အရေပြား Collagen ထုတ်လုပ်မှု မြင့်တင်ပေးနိုင်တဲ့ အာနိသင်ဓာတ်တွေက သင့်နှုတ်ခမ်းသားကို နူးညံ့စိုပြေစေမှာပါ။

၂။ နွေရာသီမှာ တစ်ပတ်တစ်ခါ မျက်နှာ Exfoliate လုပ်ပေးပါ

သင်က နွေရာသီလို ပူအိုက်တဲ့ကာလမှာ အသားအရေအစိုဓာတ်ခမ်းခြောက်တတ်တဲ့သူ ဖြစ်တယ်ဆိုရင် Exfoliate လုပ်ပေးဖို့လိုပါတယ်။ ကိုယ့် Skin Type နဲ့ အဆင်ပြေပြီး သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ချေးချွတ်ပစ္စည်းတွေ ရွေးချယ်ပေးပါ။ တစ်ပတ်တစ်ကြိမ် အများဆုံး ပုံမှန် Exfoliate လုပ်ပေးနိုင်ပါတယ်။ အသားအရေနေလောင်ထားတဲ့ အခြေအနေမျိုးမှာတော့ မလုပ်မိအောင် သတိထားပေးပါ။

၃။ မျက်နှာသစ်ပြီးချက်ချင်း Moisturizer လိမ်းပါ

အသားအရေအစိုဓာတ်ခြောက်နေသူတွေအတွက် Moisturizer ကအရမ်းအရေးပါပါတယ်။ ဒါကြောင့်မို့ မျက်နှာသန့်စင်ပြီးနောက် Skincare အတွက် မဖြစ်မနေ Moisturizer လိမ်းပေးပါ။ ကိုယ့် Skin Type နဲ့အဆင်ပြေတဲ့ Moisturizer မျိုးရွေးချယ်ပြီး မနက်၊ ည နေ့စဉ်လိမ်းပေးသင့်ပါတယ်။

၄။ Eye Cream ကို လိုအပ်သလောက်ပဲလိမ်းပေးပါ

မျက်ကွင်းညိုပြီး အသားအရေမွဲခြောက်တာတွေ သက်သာဖို့ Eye Cream သုံးပေးရပါမယ်။ ဒါပေမယ့် မျက်လုံးကို ကြမ်းကြမ်းတမ်းတမ်း ပွတ်လိမ်းတာ၊ မလိုအပ်ဘဲ ပမာဏများများလိမ်းတာတွေကိုတော့ ရှောင်ပေးဖို့ လိုပါတယ်။ အရေပြားကျွမ်းကျင်သူတွေက Eye Cream ကို တစ်ကြိမ်လိမ်းပြီးတိုင်း အနည်းဆုံး ၁၂ နာရီခြားပေးဖို့ အကြံပေးထားတာမို့ တစ်နေ့တစ်ကြိမ်ထက်ပို မလိမ်းရင်အကောင်းဆုံးပါပဲ။

၅။ Form အမျိုးအစား Cleanser အပျော့တွေသုံးပေးပါ

အစိုဓာတ်ခန်းခြောက်နေတဲ့ အသားအရေကိုသန့်စင်ရာမှာ အသုံးအဝင်ဆုံးကတော့ Form Cleanser အပျော့နဲ့ ရေနွေးနွေးတို့ပဲ ဖြစ်ပါတယ်။ အနံ့ပါတာတွေက Chemical များနိုင်တာမို့ အနံ့မရှိတဲ့ Product တွေကိုအသုံးပြုပေးပါ။ Oil Cleanser နဲ့ပေါင်းပြီး Double Cleansing ပုံစံမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။

Source: brightside.me