မိတ်ကပ်ကိုတွင်တွင်ကျယ်ကျယ်လိမ်းလာကြတဲ့အချိန်မှာ မိန်းကလေးတစ်ယောက်အနေနဲ့ မိတ်ကပ်နဲ့ပတ်သက်ပြီး သိထားသင့်တာတွေတော်တော်များများကို သိထားဖို့အရေးကြီးပါတယ်။ မျက်နှာပေါ်မှာ လှပတဲ့မိတ်ကပ်မျိုးကို လိမ်းခြယ်နိုင်ဖို့ဆိုတာ Foundation ကိုပဲသေချာလိမ်းတတ်ရုံနဲ့မရပါဘူး။ မျက်နှာပေါ်မှာရှိနေတဲ့ အပြစ်နာဆာတွေကို ကောင်းကောင်းဖုံးပေးနိုင်ဖို့အတွက် Concealer ကိုလည်းသုံးတတ်ဖို့လိုတယ်နော်။

အရောင်လေးတွေနဲ့ထွက်ရှိလာတဲ့ Concealer လေးတွေဆိုရင် မျက်နှာပေါ်မှာရှိနေတဲ့ အပြစ်အနာဆာတွေကို သူ့နေရာနဲ့သူတိတိကျကျ ပြင်ဆင်ပေးနိုင်လာတော့ မိန်းကလေးတိုင်းအတွက်ဝမ်းသာစရာပဲပေါ့။ ဒါပေမယ့် ဘယ်လိုအရောင်တွေကို ဘယ်လိုနေရာမျိုးတွေမှာ သုံးပေးရမယ်ဆိုတာကို မှန်ကန်စွာသိရှိစေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Yellow Concealer

အဝါရောင်ရှိတဲ့ concealer လေးဟာဆိုရင်တော့ မျက်နှာပေါ်မှာ ဝက်ခြံဖြစ်တာကြောင့်ကျန်နေတဲ့ ရောင်ရမ်းမှုတွေ၊ နီရဲနေတာတွေကို ဖုံးကွယ်ပေးနိုင်ဖို့အတွက် အသုံးပြုလို့ရမယ့် အရောင်ပဲဖြစ်ပါတယ်။ တခြား Concealer တွေကိုသုံးတာထက် အဝါရောင် Concealer ကပိုပြီးတိကျတဲ့ဖုံးကွယ်မှုတွေကို ပေးစွမ်းနိုင်မှာပါ။

Green Concealer

အစိမ်းရောင် Concealer လေးကတော့ မျက်နှာပေါ်မှာဖြစ်တတ်တဲ့ နီရဲနေတာတွေ၊ ဝက်ခြံဖြစ်နေတာတွေကို ဖုံးအုပ်ပေးနိုင်တဲ့ အကောင်းဆုံး concealer လေးလို့လည်း ပြောလို့ရပါတယ်။ ပျိုမေတို့မှတ်ထားရမှာက ကိုယ်ကဝက်ခြံထွက်တတ်တဲ့သူဆိုရင် မိတ်ကပ်လှလှလေးဖြစ်နေစေဖို့အတွက် Green Concealer လေးကိုသုံးသင့်တယ်နော်။

Pink Concealer

ပန်းရောင် Concealer လေးကတော့ မျက်နှာအသားအရေပေါ်မှာဖြစ်နေတဲ့ အမည်းစက်တွေကို ဖုံးအုပ်ပေးဖို့အတွက် အသုံးပြုလို့ရပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာ အမည်းစက်တွေကကောင်းကောင်းမပျောက်သွားတတ်တာကြောင့် ဒီ ပန်းရောင် Concealer လေးက အသင့်တော်ဆုံးဖြစ်မှာပါ။

Peach Concealer

လိမ္မော်ရောင်ဘက်သွားတဲ့ Concealer ကတော့ အိပ်ရေးပျက်တာတွေကြောင့်ဖြစ်တဲ့ မျက်ကွင်းညိုတာတွေ၊ အသားအရေအရောင်မညီတာတွေဖြစ်နေတာတွေကို ဖြေရှင်းပေးနိုင်မယ့် Concealer လေးပါ။

ကဲပျိုမေတို့လည်း Concealer လေးတွေကို အရောင်အလိုက် သုံးရမယ့်နေရာလေးတွေနဲ့ တွဲဖက်ပြီးသိပြီဆိုတော့ လှပပြီးသပ်ရပ်တဲ့ မိတ်ကပ်ပြင်ဆင်မှုလေးတွေနဲ့ လှလှပပဖြတ်သန်းနိုင်ပြီပေါ့။

Photo Source: Pinterest