မိတ်ကပ်လိမ်းတဲ့အခါ Mascara က သင့်ရဲ့ Makeup Look ကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမယ့် Mascara သုံးတဲ့အခါ မျက်တောင်မှာ Mascara တွေခဲနေတာ ၊ မျက်တောင်တွေကပ်နေတာကတော့ အမြင်ဆိုးစေပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းဖို့ Clear Mascara ကို သုံးကြည့်ပါ။

သဘာဝအတိုင်း သပ်သပ်ရပ်ရပ်ဖြစ်ချင်ရင် အရောင်မပါတဲ့ Clear Mascara ကို သုံးပေးပါ။ Clear Mascara ကလည်း မျက်တောင်တွေကို ရှည်စေပြီး တစ်ချောင်းချင်းကော့စေပါတယ်။

အရောင်ပါတဲ့ Mascara မသုံးခင် Clear Mascara ကို Primer အဖြစ်သုံးတာက အရောင်ပါတဲ့ Mascara သုံးတဲ့အခါ လိမ်းရလွယ်စေတဲ့အပြင် မျက်တောင်တွေကို တစ်ချောင်းချင်း ကော့စေပါတယ်။

မျက်တောင်လေးတာ ၊ ထူတာမျိုးမရှိဘဲ လိမ်းထားမှန်းမသိသာစေတဲ့ Clear Mascara က Natural Look အတွက် အသင့်တော်ဆုံးပါ။

အရောင်ပါတဲ့ Mascara သုံးပြီး အပေါ်ကနေ Clear Mascara ကို ထပ်သုံးပေးရင် မျက်တောင်ကို စိုစိုလေးဖြစ်စေပြီး တောက်ပြောင်စေပါတယ်။

အောက်မျက်တောင်တွေကို အရောင်ပါတဲ့ Mascara မဟုတ်ဘဲ Clear Mascara ကို သုံးပေးတာကလည်း နူးညံ့ပြီး သိမ်မွေ့တဲ့ မျက်ဝန်းတစ်စုံကို ရစေပါတယ်။