ရေကူးတဲ့အခါမှာ Chlorine ကြောင့် ဆံသားပျက်စီးတာ၊ ကြမ်းတမ်းတာ၊ ရှုပ်ထွေးတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးတဲ့အခါမှာ ဆံသားထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ရေမကူးခင်အချိန်ခင်အချိန်မှာ လုပ်ပေးရမယ့် ဆံသားထိန်းသိမ်းနည်းတွေကတော့…

Swimming Cap

Swimming Cap ဆောင်းပေးတာက ဆံပင်ကို ရေသိပ်မထိတဲ့အတွက် Chlorine ကြောင့် ဆံသားထိခိုက် ပျက်စီးတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ဆံပင်ရေစိုအောင်လုပ်ပါ

ရေမကူးခင်မှာ ဆံပင်ကို ရိုးရိုးရေနဲ့ အရင်စိုအောင် လုပ်ပေးတာက ဆံသားထဲကို Chlorine တွေ စုပ်ယူသွားတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ကျစ်ဆံမြီးကျစ်ပါ

Swimming Cap မရှိရင် ရေမကူးခင်မှာ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး ကူးပေးပါ။ ဆံပင်ရှုပ်ထွေးတာ သက်သာစေပါတယ်။

Hair Oil လိမ်းပါ

ရေမကူးခင်မှာ ဆံပင်ကို Hair Oil လိမ်းပေးမယ်ဆိုရင် ရေကူးကန်ထဲဆင်းတဲ့အခါ Chlorine ကြောင့် ဆံသားပျက်စီးတာမျိုး မဖြစ်အောင် ကြိုတင်ကာကွယ်ပေးပါတယ်။

ရေကူးပြီးတဲ့အချိန်မှာ လုပ်ပေးရမယ့် ဆံသားထိန်းသိမ်းနည်းတွေကတော့…

ခေါင်းလျှော်ပါ

Swimming Cap နဲ့ရေကူးတာမျိုး မဟုတ်ဘူးဆိုရင် ရေကူးပြီးတာနဲ့ ခေါင်းလျှော်ပေးပါ။ ဆံသားမှာ Chlorine တွေ စုပ်ဝင်နေတဲ့အတွက် ခေါင်းမလျှော်ရင် ဆံပင်အရောင်ကျွတ်တာ၊ ပျက်စီးတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်မှာပါ။

Apple Cider Vinegar

Swimming Cap မပါပဲ ရေအကြာကြီးကူးပြီးရင် ဆံသားကြမ်းတမ်းတာမျိုး၊ ပျက်စီးတာမျိုးမဖြစ်ပဲ ဆံသားနူးညံ့ပြီး တောက်ပြောင်နေအောင်လို့ ဆံသားကျန်းမာနေအောင်လို့ Apple Cider Vinegar ကို သုံးလို့ရပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ရေ – ၄ ခွက်နဲ့ Apple Cider Vinegar – ၁ ခွက်ကို ရောမွှေပြီး ဆံပင်တွေကို လောင်းချပေးပါ။ ပြီးရင် ၅ မိနစ်ထားပြီး ခေါင်းလျှော်လိုက်ရုံပါပဲ။