ကမ္ဘာပေါ်မှာ မလှချင်တဲ့သူဆိုတာရယ်လို့ မရှိပါဘူးနော်။ လှတယ်ဆိုတာ မိတ်ကပ်လိမ်းပြီးလှတာထက် သဘာဝအတိုင်းအသားအရေလေး ကြည်တောက်ပြီး စိုဝင်းအိမွတ်နေတာက ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်နော်။ အဲ့ဒါမှလည်း ဘာပဲ့လိမ်းလိမ်း ထိရောက်မှုရှိစေပြီး သင့်ကိုယ်သင်လည်း ယုံကြည်မှုပိုရှိစေပါတယ်နော်။ ကဲ..ဒါကြောင့် သဘာဝအတိုင်း အသားအရေလေး ကြည်တောက်ရှင်း စိုဝင်းအိညက်နေစေချင်ရင် ဒီအရာလေးတွေကို မပျင်းမရိ ပုံမှန်လိုက်လုပ်ပေးဖို့တော့ လိုမယ်နော်..

၁။ ၄-၂-၄ နည်းလမ်းကို ကျင့်သုံးပါ

မျက်နှာသစ်တဲ့အခါ အရင်ဆုံး မျက်နှာပေါ်မှာ အဆီတမျိုးမျိုးကို ဥပမာ အုန်းဆီကို လိမ်းပေးပြီး ၄ မိနစ်လောက် ပွတ်ပေးပါ။ ပြီးရင် ၂ မိနစ်လောက် မျက်နှာသစ်ဆေးနဲ့ ပွတ်ပေးပါ။ အဲဒီနောက် ၄ မိနစ်လောက် အချိန်ယူပြီး မျက်နှာကို ရေနဲ့ ဆေးချလိုက်ပါ။ ဒီမျက်နှာသစ်နည်းလေးကို ပုံမှန်လုပ်ပေးခြင်းအားဖြင့် ကြည်တောက်ရှင်းပြီး စိုပြေဝင်းပနေတဲ့ မျက်နှာအသားအရေလေးကို သင်ရရှိခံစားစေမှာပဲ့ ဖြစ်ပါတယ်။

၂။ တစ်ပတ်ကို တစ်ခါ မျက်နှာပေါင်းတင်ပေးပါ

မျက်နှာကို တစ်ပတ်တစ်ခါလောက် အနည်းဆုံး ပေါင်းတင်သင့်ပါတယ်။ သင့်အသားအရေလေး ကြည်လင်စိုပြေနေစေဖို့ သဘာဝအတိုင်း ပေါင်းတင်တာပဲဖြစ်ဖြစ် ပေါင်းတင်ခရင်မ်ဝယ်ပြီး ပေါင်းတင်တာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

၃။ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ရအောင်

မျက်နှာကို နေရောင်ထိတွေ့မှုတွေ အသားအရေကို နေလောင်ခြင်းကနေ အတတ်နိုင်ဆုံး ကာကွယ်ပေးပါ။ နေပူထဲသွားတဲ့အခါ ဦးထုပ်ဆောင်းတာဖြစ်ဖြစ် မျက်မှန်တပ်တာမျိုးပဲ့ဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ SPF ပါဝင်တဲ့ နေလောင်ခံခရင်မ်ကိုလည်း နေပူထဲမထွက်ခင် အမြဲလိမ်းပေးဖို့ မမေ့နဲ့နော်။

၄။ ဆန်ဆေးရည်သုံးမယ်

ဆန်ဆေးရည်ကို သင့်အသားအရေနဲ့ ဆံကေသာအတွက် အသုံးပြုနိုင်ပါတယ်။ သင့်မျက်နှာကို ဆန်ဆေးရည်နဲ့ ပုံမှန်မျက်နှာသစ်ပေးခြင်းဖြင့် အသားအရေကို နူးညံ့ချောမွတ်စေမှာဖြစ်ပြီး အသားအရေကိုလည်း ဖြူဝင်းလာစေမှာပါ။ ဆံကေသာကိုလည်း နက်မှောင်သန်စွမ်းစေပါတယ်။

၅။ အသားအရေကို ချေးချွတ်ပေးပါ

သင့်တစ်ကိုယ်လုံးကို တစ်ပတ် ၁ ခါ ၊ ၂ ပတ် ၁ ခါလောက်တော့ ချေးချွတ်သန့်စင်ပေးသင့်ပါတယ်။ သကြားနဲ့ ဒိန်ချဉ် (သို့) သကြားနဲ့ ပျားရည်ရောပြီး ရေမချိုးခင် တကိုယ်လုံးအနှံ့ကို လိမ်းပေးထားပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ ပြီရင် ခရမ်းချဉ်သီးကို အရည်ညှစ်ပြီး မျက်နှာကိုဖြစ်စေ တကိုယ်လုံးက အသားအရေကိုဖြစ်စေ ပွတ်တိုက်ပေးပါ။ ပြီးရင် ခဏထားပြီး ရေဆေးချလိုက်ပါ။ ဒီလိုသဘာဝနည်းလမ်းလေးတွေနဲ့လည်း ချေးချွတ်သန့်စင်ပေးလို့ရပါတယ်နော်။

၆။ သဘာဝအဆီတွေကို သုံး‌ပေးပါ

အုန်းဆီ၊ ထောပတ်ဆီကို အသားအရေအလှအတွက် အသုံးပြုနိုင်ပါတယ်။ သံလွင်ဆီလည်း ရပါတယ်။ ဒါပေမယ့် အဆီပြန်တဲ့သူတွေကတော့ အဆီမသုံးပါနဲ့။