ဆံပင်အရောင်ဆိုးထားတဲ့ ပျိုမေတို့ရေ မင်္ဂလာပါနော်။ ဆံပင်အရောင်ဆိုးတာက ဒီကနေ့ခေတ်မှာ လူတိုင်းလိုလို လုပ်နေကြတာမို့ သိပ်အထူးအဆန်း ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဆံပင်အရောင်ဆိုးထားတဲ့ သူတွေအတွက် ဆံကေသာမပျက်စီးအောင် ဘယ်လို ဂရုတစိုက် ထိန်းသိမ်းရမလဲဆိုတာ ဒီကနေ မျှဝေပေးသွားပါမယ်နော်။

၁။ ဒီအချက်လေးတွေကို ပြင်ဆင်ပါ

ဆံပင်ကို အရောင်ဆိုးပြီးတဲ့နောက် ဆံကေသာကို ကျန်းမာသန်စွမ်းစေချင်သေးရင် ဒီအချက်လေးတွေကို ပြင်ဆင်ဖို့လိုပါတယ်။

  • တစ်လကို အနည်းဆုံး ၂ ကြိမ်လောက် အုန်းဆီ (သို့) သံလွင်ဆီ နဲ့ပေါင်းတင်လိုက်ပါ။
  • ဆံပင်ကို ၂ လတစ်ကြိမ်လောက် ပုံမှန်တိပေးပြီး၊ ဆံပင်အပူပေးစက်တွေကို ရှောင်ပါ။

၂။ ဆံပင်အရောင်ဆိုးဆေးကို သေချာရွေးပါ

ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ဆံသားကျိုကြေခြင်းအတွက် အကောင်းဆုံး သဘာဝနည်းအတိုင်း ပေါင်းတင်နည်းတွေ

ဆေးသားမကောင်းတာနဲ့ ဆံပင်ဆိုးရင် ဆံကေသာပိုပြီး ပျက်စီးစေပါတယ်။ ဒါ့ကြောင့် သင်ရွေးချယ်မယ့် ဆေးသားကို သေချာလေးရွေးချယ်ပါ။

၃။ ပျက်စီးနေတဲ့ ဆံသားတွေကို ညှပ်ပစ်လိုက်ပါ

ဆံကေသာ ဖွာတာ၊ ဆံပင်အဖျားနှစ်ခွဖြစ်တာ ၊ ဆံသားပျက်စီးနေတဲ့အဖျားလေးတွေကို ညှပ်ပစ်လိုက်ပါ။

၄။ ခေါင်းခဏခဏ မလျှော်ပါနဲ့

ဆံပင်အရောင်ဆိုးထားတဲ့ သူတွေအနေနဲ့ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်သာ ခေါင်းလျှော်ပါ။ ခေါင်းခဏခဏ လျှော်တာဟာ ဦးရေပြားအတွင်းက အဆီတွေကို လျှော့နည်းစေပြီး ဆံကေသာကို ပျက်စီးစေပါတယ်။

၅။ ရေအေးအေးနဲ့ ဆေးချပါ

ခေါင်းလျှော်ရာမှာ ရေနွေးနဲပမဟုတ်ဘဲ ရေအေးအေးနဲ့ ဆေးချပေးပါ။ ရေနွေးက ဆံပင်ကျွန်စေပြီး ဆံကေသာကို ခြောက်သွေ့စေပါတယ်။

၆။ ပေါင်းဆေးသုံးမယ်

ခေါင်းလျှော်ရာမှာ ပေါင်းဆေးကို ၅ မိနစ်လောက် လိမ်းပေးထားပြီးမှ လျှော်ချလိုက်ပါ။ ဒါဆိုရင် ဆံကေသာ ပျက်စီးတာကိုလည်း သက်သာစေမှာပါ။

၇။ သင့်တော်တဲ့ ခေါင်းလျှော်ရည်သုံးမယ်

ဆံပင်အရောင်ဆိုးထားတဲ့ သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်ပေါင်းဆေးတွေကို ရွေးချယ်သုံးပေးပါ။

၈။ ကြက်ဥနဲ့ ပေါင်းတင်မယ်

ဆံပင်ဆေးဆိုးထားတဲ့သူတွေအတွက် ပရိုတင်းဓာတ်ကအကောင်းဆုံးပါပဲ။ ပရိုတင်းဓာတ်ပါတဲ့ ကြက်ဥနဲ့ ဆံပင်ပေါင်းတင်ပေးလိုက်ပါ။

ကြက်ဥ ၁ လုံး
Mayonnaise စားပွဲတင်ဇွန်း ၂ ဇွန်းကိုသေချာရောပြီး ဆံပင်ကို အရင်းကနေ အဖျားထိ သေချာလိမ်းပေးလိုက်ပါ။ ပြီးရင် ၄၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၁ ကြိမ်လုပ်ပေးပါ။