ဆံပင်အရောင်ဆိုးထားပြီဆိုရင် ဘယ်လောက်ပဲဆေးကောင်းကောင်း အနည်းနဲ့အများတော့ ဆံသားပျက်စီးတာပါပဲ။ ဘာမှမလုပ်ထားတဲ့ဆံပင်ထက်စာရင် ပိုပြီးတော့ဂရုစိုက်ပေးရမှာပါပဲ။ နောက်ပြီး ကိုယ်ဆိုးထားတဲ့ဆံပင်ကာလာ ကျမသွားအောင်၊ အရောင်ကြာကြာခံအောင်လည်း ဂရုစိုက်ပေးသင့်ပါတယ်။ ဒါကြောင့် အရောင်ဆိုးထားတဲ့ဆံပင်တွေကို သဘာဝအတိုင်း ပုံမှန်ဂရုစိုက်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

၃ ရက် ၁ ခါထက် ပိုမလျှော်ပါနဲ့

အရောင်ဆိုးထားတဲ့ဆံပင်ကို ခဏခဏလျှော်ရင် ဆံပင်အရောင်ကျတာ ပိုမြန်ပါတယ်။ ဒါကြောင့် ၃ ရက် ၁ ခါထက် ပိုမလျှော်သင့်ပါဘူး။ အကောင်းဆုံးကတော့ ၅ ရက်တ ၁ ခါလျှော်တာ အကောင်းဆုံးပါပဲ။

Color shampoo သုံးပေးပါ

ဆံပင်အရောင်မကျပဲ ကြာကြာခံချင်ရင်၊ အရောင်ပိုလှချင်ရင် ရိုးရိုး shampoo နဲ့မလျှော်ပဲ Color shampoo နဲ့လျှော်ပေးပါ။

Dry shampoo သုံးပေးပါ

အပေါ်မှာပြောခဲ့သလို ၅ ရက် ၁ ခါလောက်ပဲ ခေါင်းလျှော်ဖြစ်အောင်လို့ ကြားထဲမှာ Dry shampoo သုံးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဆံပင်အဆီအရမ်းထွက်တဲ့သူတွေဆို ခေါင်းခဏခဏလျှော်လေ့ရှိပါတယ်။ ရေသုံးပြီးလျှော်ရင်လည်း ဆံပင်အရောင်ကကျတာမြန်မှာဖြစ်တဲ့အတွက် Dry shampoo သုံးပေးတာက ပိုအဆင်ပြေပါတယ်။ သူက ဆံပင်ကာလာကိုလည်း ထိန်းပေးနိုင်ပါတယ်။

ဆံပင်ပေါင်းဆေးသုံးပေးပါ

ဘာမှမလုပ်ထားတဲ့ဆံပင်တောင် ပိုကောင်းအောင်လို့ ပေါင်းဆေးသုံးပေးတာမျိုး၊ ဆံပင်ပေါင်းတင်တာမျိုး လုပ်ပေးရပါတယ်။ ကာလာဆိုးထားတဲ့ဆံပင်ဆို ပိုတောင်ဂရုစိုက်ရမှာပါ။ ဒီတော့ ခေါင်းလျှော်ပြီးတိုင်းမှာ ပေါင်းဆေးသုံးပေးဖို့မမေ့ပါနဲ့။ သဘာဝနည်းလမ်းတွေနဲ့ ပေါင်းတင်မယ်ဆိုလည်း ရပါတယ်။ ထောပတ်သီး၊ ငှက်ပျောသီး၊ ဒိန်ချဉ်၊ ပျားရည်၊ အုန်းနို့၊ mayonnaise, vitamin E oil, aloe vera gel စတာတွေနဲ့ ပေါင်းတင်ပေးပါ။

အပူချောင်းတွေသုံးတာကိုလျှော့ပေးပါ

ဆံပင်အရောင်ဆိုးထားရင် ဆံသားကပျက်စီးတာပါပဲ။ ဒီထက်ပိုပြီး ပျက်စီးတာမျိုးမဖြစ်ရအောင် အပူချောင်းသုံးတာတွေကို လျှော့ပေးပါ။ ဒါဆိုရင်တော့ ဆံသားပျက်စီးတာလည်း သက်သာပါမယ်။ ခေါင်းလျှော်ပြီးရင်လည်း အရေးကြီးကိစ္စမရှိရင် ဆံပင်ကို သဘာဝအတိုင်းပဲ အခြောက်ခံပါ။ Dryer မှုတ်တာမျိုးကို တစ်ခါတစ်လေမှလုပ်သင့်ပါတယ်။