ဆံပင်ကျွတ်ခြင်းကို လူတိုင်းကြုံတွေ့ရနိုင်ပါတယ်။ ထိပ်ပြောင်လာသည်ခြင်းသည်လည်း ဦးရေပြားမှ ဆံကေသာများ အလွန်အမင်းကျွတ်သွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းတွေ အများကြီးရှိနိုင်ပါတယ်။ မိမိမှီဝဲနေရတဲ့ ဆေးဝါးများကြောင့်သော်လည်းကောင်း၊ မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ ဇရာကြောင့်သော်လည်းကောင်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။

ဘယ်လိုအကြောင်းအရင်းတွေကြောင့်ပဲ ဆံပင်ကျွတ်နေပါစေ ကိုယ့်ရဲ့ဖက်ရှင်ကို တစ်နည်းတစ်ဖုံထိခိုက်လာတာဖြစ်တဲ့အတွက်ကြောင့် စိတ်ပူစရာပါပဲ။

ဒီလိုစိတ်ပူနေ စိတ်ညစ်နေတဲ့သူများအတွက် ဆံပင်ကျွတ်ခြင်းကို သဘာဝနည်းလမ်းအတိုင်း ဟန့်တားနိုင်မယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

ဒီနည်းလမ်းများသည် ဆံကေသာ ပြန်လည်ကျန်းမာသန်စွမ်းလာအောင်လည်း ကူညီပေးပါတယ်။

နည်းလမ်း (၁)

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောနှောလိုက်ပါ။ သစ်ကြမ်းပိုးခေါက်အမှုန့်အနည်းငယ်ထည့်ကာ ထပ်မွှေလိုက်ပါ။ ထို့နောက် ဆံကေသာနှင့် ဦးရေပြားပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀၊ မိနစ် ၃၀ ခန့်ကြာမှ ခေါင်းလျှော်ချလိုက်ပါ။

နည်းလမ်း (၂)

တမာရွက်များကို ပြုတ်ပါ (သို့) အနှစ်များရလာအောင် ထောင်းလိုက်ပါ။ တမာရွက်အနှစ်နှင့် အရည်များ ရလာပါလိမ့်မယ်။ ထို့နောက် ခေါင်းလျှောက်လိုက်ပါ။ ခေါင်းလျှောက်ပြီးတဲ့နောက်မှာတော့ စောစောက တမာရွက်အနှစ်နှင့်အရည်များကို ဦးခေါင်းပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။

မိနစ် ၃၀ ကြာမှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါက သိသာထင်ရှားတဲ့ ရလာဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

တမာရွက်သည် ရောင်ရမ်းခြင်းကို လျော့ချနိုင်ပြီး မှိုစွဲခြင်းမှလည်း ကာကွယ်ပေးကာ ဘက်တီးရီးယားများကို ဖယ်ရှားပေးတဲ့အတွက်ကြောင့် ဗောက်ထသူများအတွက်လည်း အသုံးတည့်ပါတယ်။ ဒါ့အပြင် ဆံပင်မွှေးညှင်းပေါက်လေးများကို သန်မာစေပြီး ဆံပင်သန်လာအောင်လည်း ကူညီပေးပါတယ်။

နည်းလမ်း (၃)

ရှားစောင်းလက်ပတ်ဂျယ်လ် (သို့) ရှားစောင်းလက်ပတ်ဖျော်ရည် အနည်းငယ်ကို ဦးရေပြားပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ တစ်ချိန်တည်းမှာပဲ ရှားစောင်းလက်ပတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် စားသုံးပေးပါက ပိုမိုထူးခြားတဲ့ရလာဒ်ကို မြင်တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ဗိုက်ထဲမှာ ဘာအစာမှ မစားခင် စားသုံးရမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်သည် ဆံပင်အမြစ်များတွင် ပိတ်မိနေတဲ့ ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဆံပင်အစိုဓာတ်ကို ပြန်လည်ထိန်းညှိပေးတဲ့အတွက်ကြောင့် ဦးရေပြားကို သွေးလှည့်ပတ်မှုကောင်းစေပါတယ်။ ရလာဒ်အနေနဲ့ ဆံပင်ကျွတ်ခြင်းဖြစ်စဉ်သည် တဖြည်းဖြည်း လျော့နည်းသွားမှာပဲဖြစ်ပါတယ်။