လူတိုင်းမှာ စိတ်ထိခိုက်ရတဲ့အချိန်ဆိုတာ ရှိပါတယ်။ ဒီလိုအချိန်မှာ တခြားသူဆီက အားပေးနှစ်သိမ့်မှုကို မျှော်နေမယ့်အစား ကိုယ့်ကိုယ်ကိုသာ အားပေးပါ။ ကိုယ့်အတွက် ကိုယ်ပဲရှိတယ်ဆိုတဲ့စိတ်ကို ထည့်ထားပြီး စိတ်ထိခိုက်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို Motivated ရအောင်နေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
Stop and breathe
စိတ်ထိခိုက်စရာအကြောင်းအရာတွေကို တွေးနေတာရပ်ပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်လိုက်ပါ။ တိတ်ဆိတ်တဲ့နေရာ၊ လေကောင်းလေသန့်ရတဲ့နေရာမှာ မျက်စိကိုမှိတ်ပြီး အသက်ကိုရှူသွင်း၊ ရှူထုတ် ပုံမှန်လုပ်ပေးပြီး စိတ်ထိခိုက်စရာအကြောင်းအရာတွေကို ဆက်မတွေးပါနဲ့တော့။
ကိုယ့်အလုပ်ကိုဦးစားပေးပါ
အားနေရင် ပိုတွေးမိပါတယ်။ ဒါကြောင့် မအားအောင်နေဖို့၊ စိတ်ထိခိုက်ရတဲ့ အကြောင်းအရာတွေကို မတွေးမိအောင်နေဖို့အတွက် ကိုယ်လုပ်ရမယ့်အလုပ်တွေကို ဦးစားပေးပြီးလုပ်လိုက်ပါ။ အလုပ်ထဲမှာစိတ်နှစ်ပြီး လုပ်နေပါ။ လုပ်စရာအလုပ်မရှိရင်တောင် တစ်ခုခုကိုရှာဖွေပြီးလုပ်နေပါ။ မတွေးမိပဲနေတာများရင် အလိုလိုမေ့ပျောက်သွားမှာပါ။ ဒါကြောင့် တွေးနေစရာအချိန်မရှိအောင် နေရပါမယ်။
ကိုယ့်ကိုယ်ကိုအားပေးပါ
ဘယ်လောက်ပဲ စိတ်ထိခိုက်စရာ၊ စိတ်ညစ်စရာတွေရှိနေပါစေ ကိုယ့်ကိုယ်ကိုအားပေးနှစ်သိမ့်ပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ပြီး ကိုယ်လုပ်ချင်တာတွေရှိရင် လုပ်လိုက်ပါ။ ကိုယ့်စိတ်ကိုပျော်အောင်ထားပါ။ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပြီး ဒီထက်ပိုကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်ကို ထည့်ထားလိုက်ပါ။ Strong ဖြစ်ပြီး ခံနိုင်ရည်ပိုရှိလာပါလိမ့်မယ်။
ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲတွေ့ပါ
စိတ်ထိခိုက်နေတဲ့အချိန်မှာ motivated ရအောင်၊ စိတ်သက်သာရာရအောင် ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲတွေ့ပါ။ သူတို့ဆီက အကြံပေးမှုတွေ၊ အားပေးမှုတွေက ကိုယ့်အတွက် အားတက်စေရပါလိမ့်မယ်။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေနဲ့သာ သွားတွေ့ရင်တော့ ပိုပြီး စိတ်ထိခိုက်ရဖို့ပဲ ရှိပါတယ်။
အကောင်းဘက်ကနေတွေးပါ
ဖြစ်လာတဲ့အရာမှန်သမျှ ဘာပဲဖြစ်နေပါစေ အကောင်းဘက်ကသာ တွေးပေးနိုင်ရင် စိတ်ထိခိုက်စရာ၊ ဝမ်းနည်းစရာတွေလည်း လျော့သွားမှာပါ။ အကောင်းဘက်နေတွေးပြီး motivated ဖြစ်အောင် နေရပါမယ်။ မလုပ်ဖူးသေးတာတွေ၊ လုပ်ချင်နေတာတွေကို စတင်လုပ်ဆောင်ကြည့်ပြီး ကိုယ့်ကိုယ်ကို ဒီထက်ပိုကောင်းအောင်၊ ဒီထက်ပိုပျော်အောင်ထားပါ။