Single အဖြစ်နဲ့နေရတာကို ဘယ်လောက်ပဲသဘောကျတယ်ပြောပြော တစ်ခါတစ်လေကျရင်တော့ အထီးကျန်တာမျိုး၊ ဝမ်းနည်းတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီလိုတွေ ဝမ်းနည်းချိန်၊ အားငယ်ချိန်၊ အထီးကျန်ချိန်မရှိအောင် Single ဖြစ်နေချိန်မှာ ပျော်ရွှင်အောင်နေထိုင်နည်းတွေကို ပြောပြပေးလိုက်ပါတယ်။ အရင်ဆုံးတော့ ကိုယ့်စိတ်ကို ပြင်ရပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုချစ်ပါ

အရင်ဆုံး ကိုယ့်ကိုယ်ကိုချစ်ပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပေးပါ။

ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပါ

ကိုယ်လုပ်ခဲ့မိတွေအမှားတွေအတွက် နောင်တရတယ်ဆိုရင် ပြင်ဆင်ပြီးနေထိုင်သွားပါ။ လုပ်ခဲ့မိတဲ့အမှားအတွက် ခွင့်မလွှတ်နိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်တာမျိုး မလုပ်ပါနဲ့။ ကျန်ရှိနေတဲ့အချိန်တွေမှှာ အပြည့်အဝပျော်ရွှင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပါ။

ကိုယ့်ကိုယ်ကိုကာကွယ်ပါ

ကိုယ့်ကိုယ်ကိုကာကွယ်စောက်ရှောက်ပါ။ အခြားသူဆီက ဂရုစိုက်မှုတွေ၊ ကာကွယ်ပေးမှုတွေကို မမျှော်လင့်ပါနဲ့။

အကောင်းဘက်ကမြင်ပါ

အမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်ဖို့ အရာရာကို အကောင်းမြင်ပါ။ အကောင်းဘက်ကနေကြည့်ပြီး အကောင်းဘက်ကနေတွေးပါ။

မိသားစုနဲ့အချိန်ပိုပြီးကုန်ဆုံးပါ

အထီးမကျန်ရအောင် မိသားစုနဲ့ အမြဲတမ်း အချိန်ကုန်ဆုံးပါ။ မိသားစုကို ပိုချစ်ပါ။ ဂရုစိုက်ပေးပါ။

သူငယ်ချင်းတွေနဲ့ပျော်ရွှင်ပါ
တစ်ယောက်ထဲမနေပါနဲ့။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ။ ပျော်စရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းပါ။

ပျော်ရွှင်စရာကောင်းတဲ့ Lifestyle ကို တည်ဆောက်ပါ

Single ဖြစ်နေတဲ့အတွက် အချစ်ကြောင့် ပူဆွေးဝမ်းနည်းနေစရာ မရှိပါဘူး။ ဒါကြောင့် မထီးမကျန်အောင် ဒီထက်ပိုပြီး ကောင်းမွန်တဲ့ဘဝရအောင် ပျော်ရွှင်စရာကောင်းတဲ့ Lifestyle ကို တည်ဆောက်ပါ။

ပျော်ရွှင်တဲ့ Couple တွေကို လျစ်လျူရှုထားပါ

ပျော်ရွှင်တဲ့ Couple တွေကို မြင်တဲ့အခါ အားကျတာမျိုး၊ အားငယ်တာမျိုးတွေ တစ်ခါတစ်လေမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လျစ်လျူရှုတတ်ဖို့ လိုပါတယ်။

လွတ်လပ်ခြင်းကိုရယူလိုက်ပါ

လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်လိုက်ပါ။ တစ်ယောက်ထဲဖြစ်နေတဲ့အတွက် လွတ်လပ်မှုကို အပြည့်အဝခံစားပြီး ပျော်ရွှင်လိုက်ပါ။

ဝါသနာအသစ်တစ်ခုကိုစတင်ပါ

ဝါသနာအသစ်တစ်ခုကို ရှာဖွေပြီး စတင်ကြည့်ပါ။ အသစ်တွေကိုလုပ်ရတာက စိတ်ဝင်စားစရာကောင်းပြီး ပျော်ရွှင်စရာတစ်ခုဖြစ်လာပါလိမ့်မယ်။

ကိုယ့်ဘဝကိုနှစ်သက်ပါ

ကိုယ်ရထားတဲ့ဘဝကို စိတ်ပျက်တာမျိုး မဖြစ်ပါစေနဲ့။ ကိုယ့်ဘဝကိုနှစ်သက်ပါ။ တန်ဖိုးထားပါ။

Photo Source: www.freepik.com