ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူရဲ့အချစ်ကို အပြည့်အဝခံချင်ကြတာပေါ့နော်။ ပိုအချစ်ခံရလေ ပိုပျော်ရွှင်ကြရလေပါပဲ့။ မိန်းကလေးတွေကလည်း ဒီလိုအချစ်ခံရဖို့ကိုလည်း နည်းအမျိုမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ သိသလိုတစ်မျိုး၊ မသိသလိုတစ်မျိုးနဲ့ပေါ့။ ဒီနေ့ခေတ်မှာတော့ စုံတွဲတိုင်းလိုလို စာတိုလေးတွေ messageပို့ပြီး ကိုယ့်ချစ်သူနဲ့အလွမ်းပြေ ဆက်သွယ်နေကြပါပြီ။

အဲဒီလိုဆက်သွယ်တဲ့နေရာမှာ ပျိုမေတို့ဘက်က ပရိယာယ်လေးနည်းနည်းသုံးလိုက်တာနဲ့ ချစ်သူကောင်လေးဆီက အချစ်တွေပိုရလာနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။  စိတ်ဝင်စားတယ်ဆိုရင်တော့ အဆုံးထိဖတ်ကြည့်လိုက်နော်….

၁။ အကြိုက်တူတာ

တကယ်တော့ ယောကျာ်းလေးတွေရဲ့စိတ်က အရမ်းကိုရိုးရှင်းကြပါတယ်။ အစားကြိုက်တဲ့ယောကျာ်းလေးကို အစားအသောက်ပုံလေးတွေပို့ပြီး ကိုယ်လည်းအစားအသောက်ဆို ခုံခုံမင်မင် စားတတ်ကြောင်း၊ ခွေးချစ်တတ်တဲ့ ယောကျာ်းလေးကို ခွေးပုံလေးတွေပို့ပြီး ကိုယ်လည်းခွေးချစ်တတ်ကြောင်း စသဖြင့် Type တူကြောင်း ဖော်ပြပေးနိုင်လေလေ အချစ်ပိုကြလေပါ။ ဒဲ့ကြီးမဟုတ်ဘဲ Pizza စားနေတဲ့ပုံလေးဖြစ်ဖြစ်ပို့ပြီး ဘေဘီကတော့ ဒီ Pizza ကိုဘယ်လိုအားရပါးရစားခဲ့ကြောင်း ပြောပြသလိုမျိုးပေါ့။

၂။ အသေးစိတ်ဖြေတတ်တာ


Source:Love Devani

တစ်ခါတလေ ယောကျာ်းလေးတွေက အသေးစိတ်ဖြေတတ်တဲ့ မိန်းကလေးမျိုးကို ပိုသဘောကျတတ်ကြပါတယ်။ ဥပမာ ဘာလုပ်နေလဲမေးရင် စာရိုက်နေတာလေဆိုတာမျိုးမဖြေဘဲ “ကိုကိုနဲ့စကားပြောနေရင်း ခဏနေအပြင်သွားတော့မှာမို့ ရေချိုးဖို့ပြင်နေတယ်” အဲဒီလိုမျိုးလေး အသေးစိတ်ဖြေပေးရင် သူတို့တွေသိပ်သဘောကျတတ်ကြပါတယ်။

၃။ အလှပုံလေးတွေပို့တာ

ဒီတိုင်းပို့လိုက်တာမျိုး မဟုတ်ဘူးနော်။ ဥပမာ ဒီနေ့ကိုယ်က အလှတွေပြင်ပြီး အပြင်သွားဖို့လုပ်ထားတယ်။ သူ့ဆီ ကိုယ်လည်း ကိုယ်အရမ်းလှနေတဲ့ပုံလေးပို့ပေးချင်တယ်။ အဲဒီအခါမျိုးကျရင် ဒီတိုင်းမပို့ဘဲ ဒီအင်္ကျီလေးက အသစ်ဝယ်ထားတာ၊ ဘေဘီ့နှုတ်ခမ်းနီအရောင်ပြောင်းဆိုးထားတာစသဖြင့် ပရိယာယ်သုံးပြီး ပို့လို့ရပါတယ်။

၄။ ဒီနေရာလေးမှာရှိသင့်တာ

ဘယ်သူမဆို ကိုယ့်ကိုသတိတရရှိရင် ကျေနပ်ကြတာပါပဲ။ နောက်တစ်ခေါက် သင့်ချစ်သူမပါဘဲ အပြင်သွားတဲ့အခါမျိုးကျရင် “ကိုကိုသာဒီနေရာလေးမှာ ဘေဘီနဲ့တူတူရှိနေခဲ့ရင်သိပ်ကောင်းမှာပဲ” ဆိုတဲ့ Message တစ်ကြောင်းလောက်သာ ပို့ကြည့်လိုက်ကြပါ။ ဟိုကအရမ်းတွေပျော်ပြီး သင့်ကို ပါးစပ်ထဲငုံထားမတတ်ချစ်သွားပါလိမ့်မယ်။

၅။ ငါတို့ဆိုပြီး နာမ်စားသုံးတာ

Source: liveboldandbloom.com

တစ်ယောက်ထက် နှစ်ယောက်က အမြဲပိုကောင်းပါတယ်။ ဥပမာ “ဘေဘီဒီနေရာလေးကို သွားချင်လိုက်တာ”ဆိုတာမျိုးထက် “ကိုကိုနဲ့တူတူဘေဘီဒီနေရာလေးကို သွားချင်လိုက်တာ” ဆိုတာမျိုးက သူ့စိတ်ကို သင့်ဆီယိုင်နဲ့လာအောင် ညှို့ယူလိုက်ခြင်းတစ်မျိုးပါပဲ။

၆။ ကစားတတ်တာ

အပေါ်မှာပြောခဲ့သလိုပဲ ပရိယာယ်လေးတွေသုံးတတ်ဖို့ လိုပါတယ်။ ဥပမာ “ငါတို့နှစ်ယောက်သူငယ်ချင်းအနေနဲ့ ဘယ်လိုမှဆက်မရှိနိုင်တော့ဘူး” လို့ပြောလိုက်ရင် ရုတ်တရက်ဟိုဘက်ကကြောင်သွားမှာပါပဲ။ နောက်တော့မှ “ချစ်သူလိုတစ်သက်လုံးနေကြရအောင်နော်” ဆိုပြီ ပြန်လျှော်ချသလိုမျိုးပေါ့။