အကြောင်းအမျိုးမျိုးကြောင့် လက်သည်းပျက်စီးနေတယ်ဆိုရင် ပြန်လည်ကောင်းမွန်လာအောင် လုပ်ဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်အတွက် လက်သည်းအလှကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ပျက်စီးနေတဲ့လက်သည်းတွေ ပြန်လည်ကောင်းမွန်လာဖို့အတွက် ပုံမှန်လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

လက်သည်းအတို Round Shape ညှပ်လိုက်ပါ

လက်သည်းသန်စွမ်းပြီး healthy nails ရဖို့အတွက် အကောင်းဆုံး shape ကတော့ round shape ပါပဲ။ ကိုယ့်လက်သည်းက ပျက်စီးနေပြီဆိုရင် အရှည်ဆက်မထားပါနဲ့။ ပျက်စီးနေတာတွေ ကုန်သွားတဲ့အထိ ရှည်လာတိုင်းမှာ ညှပ်ပေးပါ။

အသားမာတွေကိုမညှပ်ပါနဲ့

အသားမာတွေက လက်သည်းတွေသန်စေဖို့ အကာအကွယ်ပေးတဲ့ အရေးပါသောအရာတစ်ခုပါ။ ဒါကြောင့် လက်သည်းနားတစ်ဝိုက်က အသားမာတွေကို ညှပ်ထုတ်မယ့်အစား orange stick or cotton wool bud နဲ့ ပွတ်ပေးနိုင်ပါတယ်။ Cuticle oil ပုံမှန်လိမ်းပေးပါ။

Protein ဓာတ်ကြွယ်ဝတာတွေစားပါ

လက်သည်းကျန်းမာစေဖို့ protein ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် protein ဓာတ်ကြွယ်ဝတဲ့ ကြက်သား၊ တို့ဟူး၊ ငါး၊ ပဲ၊ ကြက်ဥ စတာတွေကို များများစားပါ။ ရေများများသောက်ပါ။

လက်သည်းမကိုက်ပါနဲ့

လက်သည်းပျက်စီးစေတဲ့ အဆိုးဆုံးအလေ့အကျင့်ကတော့ လက်သည်းကိုက်တာပါပဲ။ လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိရင် မဖြစ်မနေ ပြင်ဖို့လိုပါတယ်။

Base Coat

လက်သည်းပျက်စီးနေတာ ပိုဆိုးမလာအောင်၊ လက်သည်းပျက်စီးတာ သက်သာအောင် လက်သည်းနီဆိုးတိုင်းမှာ base coat ခံဆိုးပါ။ ကိုယ့်လက်သည်းက အရမ်းပျက်စီးနေရင် healthy nail ပြန်ဖြစ်လာအောင် လုပ်နေတဲ့အချိန်အတွင်းမှာ လက်သည်းနီမဆိုးပဲနေတာတော့ အကောင်းဆုံးပါပဲ။

Keep Hands Moisturized

လက်ကို hand cream or moisturizer လိမ်းပေးပြီး လက်သည်းကိုလည်း moisturizing ဖြစ်စေဖို့တွက် လက်သည်းအားဖြည့်အဆီ လိမ်းပေးတာမျိုးတွေ ပုံမှန်လုပ်ပေးပါ။

Gentle Nail Polish Remover သုံးပါ

Healthy nails ဖြစ်ဖို့အတွက်ရော၊ လက်သည်းပျက်စီးနေတာတွေ ပြန်လည်ကောင်းမွန်လာဖို့အတွက်ရော လက်သည်းဖျက်ဆေးသုံးရင် ပြင်းတာတွေ မသုံးပါနဲ့။ Gentle ဖြစ်တဲ့ လက်သည်းဖျက်ဆေးတွေကို သုံးပေးပါ။