လေ့ကျင့်ခန်းလုပ်ပြီးရင် ကြွက်သားတင်းပြီး နာကျဉ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ နားလိုက်ရင် ပိုနာပါတယ်။ ဆက်လုပ်ရမှာပါ။ ၅ ရက်လောက်လုပ်ပြီးရင် မနာတော့ပါဘူး။ တစ်ခါတစ်လေ အခန့်မသင့်ဖြစ်မှသာ နာတာမျိုး ဖြစ်တတ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလို လေ့ကျင့်ခန်းလုပ်ပြီးရင် ကြွက်သားနာတာ၊ ကြွက်သားတင်းတာကို သက်သာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ရေခဲအိတ်ကပ်ပါ

လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားနာကျဉ်နေရင် နာတဲ့နေရာကို ရေခဲအိတ်နဲ့ ၁၅ မိနစ်လောက် ကပ်ထားလိုက်ပါ။ ရေခဲအိတ်မရှိလည်း Towel ထဲကို ရေခဲထည့်ပြီး ကပ်ပေးလို့ရပါတယ်။

Massage လုပ်ပေးပါ

လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားနာကျဉ်နေရင် Massage လုပ်ပြီး နှိပ်နယ်ပေးတာက အကြောတင်းနေတာ၊ ကြွက်သားတင်းနေတာတွေသက်သာပြီး ကြွက်သားနာကျဉ်တာလည်း သက်သာစေပါတယ်။

အကြောလျှော့ပါ

Gym တွေမှာဆိုရင် လေ့ကျင့်ခန်းမလုပ်ခင် တစ်ခါ၊ လေ့ကျင့်ခန်းအားလုံးလုပ်ပြီးသွားရင် တစ်ခါ အကြောလျှော့ခိုင်းပါတယ်။ ဒီလိုအကြောလျှော့ပေးမှလည်း ကြွက်သားတင်းတာတွေ လျော့သွားပြီး ကြွက်သားနာတာမျိုးလည်း မဖြစ်တော့ပဲ ပေါ့ပါးလန်းဆန်းသွားစေပါတယ်။ အကြောဆန့်ထုတ်တာမျိုးတွေလည်း များများလုပ်ပေးပါ။

ရေနွေးစိမ်ပြီးရေချိုးပါ

လေ့ကျင့်ခန်းလုပ်ပြီး အရမ်းပင်ပန်းနေရင်ပဲဖြစ်ဖြစ်၊ ကြွက်သားတွေတင်းပြီး နာကျဉ်နေရင်ပဲဖြစ်ဖြစ် ညနေဘက် (သို့) ညဘက်မှာ ရေနွေးနဲ့စိမ်ပြီး ရေချိုးလိုက်ပါ။ ခန္ဓာကိုယ်လည်း ပေါ့ပါးလန်းဆန်းပြီး ကြွက်သားနာကျင်တာတွေလည်း သက်သာသွားစေတယ်။ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။