သင့်အချစ်ရေးက အနီးနားမှာမဟုတ်ဘဲ အဝေးရောက်နေတဲ့ LDRS ကို ပိုင်ဆိုင်ထားတာလား ? တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေတာက နှစ်ယောက်စလုံးအတွက် တခါတလေမှာ စိတ်ဖိစီးမှုတွေဖြစ်လာနိုင်သလို အခန့်မသင့်ရင် အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမယ့် သင့်အချစ်ရေးကို လက်မလွှတ်ချင်ဘူးဆိုရင် ဒီအချက်တွေကို ကြိုးစားလုပ်ကြည့်ပါ။

Date night

ခေတ်မီနည်းပညာတွေကြောင့် LDRS စုံတွဲတွေကြား အရင်လိုအလှမ်းမဝေးတော့ပါဘူး။ တစ်ခန်းတည်းအတူ ထိုင်လို့မရပေမယ့် အတူတူဗီဒီယိုခေါ်ပြီး အတူတူစားနိုင်တယ်၊ အတူတူရုပ်ရှင်ကြည့်လို့ရပါတယ်။ အချိန်တွေကို အတူတူ ဖြတ်သန်းပြီး တစ်ယောက်နဲ့တစ်ယောက် နည်းနည်း ပိုသိလာဖို့ ကြိုးစားလို့ရပါတယ်။

ဦးစားပေးပါ

LDRS စုံတွဲတွေက တစ်ယောက်နဲ့တစ်ယောက် တစ်ချိန်လုံး ဆက်သွယ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဆုံတဲ့အချိန်ခနမှာ အကောင်းဆုံးအသုံးချပြီး တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ တကယ်နားထောင်ပါ။ အာရုံစိုက်မှုအားလုံးကို ဦးစားပေးပေးပါ။

နေရာပေးပါ

LDRS စုံတွဲတွေကြားမှာ အဆက်အသွယ်မပြတ်ရှိနေဖို့က အရေးကြီးတာမှန်ပေမယ့် အချိန်ပြည့်ဆက်သွယ်နေဖို့တော့ ဖိအားမပေးသင့်ပါဘူး။ အတင်းအကြပ်ဖိအားပေးတာက ကြာလာရင် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားရသွားနိုင်ပါတယ်။

အကောင်းမြင်ဝါဒထားပါ

တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေတဲ့အချိန် ဆုံးဖြတ်တဲ့အခါ တစ်ဖက်သက်အတွေးတွေ ယူဆချက်တွေနဲ့ တွေးပြီး ဆုံးဖြတ်တတ်ကြပါတယ်။ ဒါတွေက နှစ်ယောက်ကြားမှာ ဆက်ဆံရေးကိုထိခိုက်စေပြီး ပြဿနာတွေဆီ ဦးတည်စေပါတယ်။ ဒါကြောင့် ဆုံးဖြတ်တဲ့အခါ မရှိတဲ့အရာတွေကိုတောင် မစဉ်းစားပါနဲ့။

Surprise

ပျော်စရာကောင်းတဲ့ Surprise ကို မကြိုက်တဲ့သူဆိုတာ မရှိပါဘူး။ ဒါဆို သင့်လက်တွဲဖော်ဆီ လူကိုယ်တိုင်အရောက်သွားတာလောက် ပျော်စရာကောင်းတာ ရှိပါအုန်းမလား ? တကယ်လို့ လူကိုယ်တိုင်အရောက်မသွားနိုင်ဘူးဆိုရင် သူက သင့်အတွက် ဘယ်လောက်ထူးခြားတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ သူသိစေဖို့ ပြသတဲ့ အံ့အားသင့်စရာလက်ဆောင်တစ်ခု ပေးပို့လိုက်ပါ။