ဆောင်းရာသီမှာဆိုရင် စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းပြီး မအီမသာဖြစ်တာမျိုး၊ ဘာမှလုပ်ချင်စိတ်မရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့ လေးလံထိုင်းမှိုင်းမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်မယ့်အရာတွေ ရှိပါတယ်။ ဒါတွေကိုလုပ်ရင်းနဲ့ ဆောင်းရာသီရဲ့ လေးလံထိုင်းမှိုင်းမှုတွေကို လျှော့ချလိုက်ရအောင်။

အိပ်ယာထဲခွေခေါက်မနေပါနဲ့

ဆောင်းရာသီမှာအေးတော့ တော်တော်များများက မနက်ဆိုလည်း နိုးတာနဲ့မထပဲ အိပ်ယာထဲနေပြီး ဖုန်းဆက်သုံးနေတာမျိုး၊ နေ့လည်ဘက်တွေလည်း အိပ်ယာထဲပဲ ပြန်ဝင်နေပြီး ခွေခေါက်နေတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာက ကိုယ်ရောစိတ်ပါ လေးလံထိုင်းမှိုင်းမှု ဖြစ်စေပါတယ်။ ဆောင်းတွင်းဆို နေလို့မကောင်းတာနဲ့ ပိုဆိုးတာပေါ့။ ဒါကြောင့် ဒီအချက်ကို ပြင်ဖို့လိုပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေးလံထိုင်းမှိုင်းမှုတွေ မဖြစ်အောင် ဆောင်းရာသီမှာ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ဖြစ်နိုင်ရင် မနက်ပိုင်းလုပ်တာက ပိုကောင်းပါတယ်။ မနက်ပိုင်းမှာသာ လေ့ကျင့်ခန်းလုပ်လိုက်မယ်ဆိုရင် Active ဖြစ်ပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာ၊ စိတ်ကြည်လင်နေမှာပါ။

ရေများများသောက်ပါ

ဆောင်းတွင်းမှာ လည်ချောင်းခြောက်တာ၊ လည်ချောင်းနာတာ၊ နှာပိတ်တာတွေက အမြဲလိုလိုဖြစ်နေတဲ့အတွက် နေရခက်ပါတယ်။ ဒါကြောင့် လည်ချောင်းခြောက်တာ၊ လည်ချောင်းနာတာတွေ မဖြစ်ရအောင် ရေများများသောက်ပေးဖို့ လိုပါတယ်။

လိုအပ်ရင် Immune Active သောက်ပါ

ရာသီအကူးအပြောင်းမှာ ဖျားနာတာတွေက ဖြစ်တာကြောင့် အစထဲက ကိုယ်ခံအားသိပ်မကောင်းတဲ့သူဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး Immune Active သောက်တာမျိုး လုပ်ပေးသင့်ပါတယ်။ ဆောင်းရာသီမှာ ခဏခဏဖျားရင် ပုံမှန်ထက်ပိုပြီး နေရခက်စေပါတယ်။

အစားအသောက်သေချာစားပါ

အစားအသောက်ကိုလည်း သေချာစားပေးပါ။ ညနေပိုင်းဆို အစာမကြေဖြစ်စေမယ့် အစားအသောက်တွေ မစားပါနဲ့။ မနက်စာကိုလည်း သေချာစားပါ။ အာဟာရမျှတအောင် သေချာစားမှ ကိုယ်ခံအားကောင်းပြီး ဖျားနာမှုတွေ မဖြစ်မှာပါ။ အားရှိပြီး နေလို့ကောင်းနေစေမှာပါ။

ပျော်ရွှင်စရာလေးတွေလုပ်ဖို့မမေ့ပါနဲ့

လေးလံထိုင်းမှိုင်းမှုတွေကို လျှော့ချဖို့အတွက် အိမ်တွင်းအောင်းတာမျိုးမလုပ်ပဲ သူငယ်ချင်းတွေနဲ့တွေ့ပြီး ပျော်ပါးပါ။ အိမ်မှာပဲနေမယ်ဆိုလည်း ကိုယ့်စိတ်ပျော်မယ့်အရာလေးတွေကို ဖန်တီးပြီးနေပါ။ ဒါဆိုရင် စိတ်ပျော်တဲ့အတွက် နေလို့ကောင်းပါလိမ့်မယ်။