နူးညံ့ချောမွေ့ပြီး တောက်ပတဲ့ မျက်နှာအသားအရေကို လူတိုင်းလိုချင်ကြပေမယ့် ချွေးပေါက်ကျယ်တာက မျက်နှာအသားအရေကို ပျက်စီးစေနိုင်ပါတယ်။ အခုဝေမျှပေးမှာက ချွေးပေါက်ကျယ်တာကို လျှော့ချနိုင်မယ် နည်းလမ်းတွေပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ကြိတ်ချေပြီး မျက်နှာပေါ်လိမ်းပေးပါ။ လိမ်းပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ ချွေးပေါက်တွေကို ကျဉ်းစေဖို့ ရေအေးနဲ့ထပ်သစ်ပါ။ Oil Skin ပိုင်ရှင်တွေက ခရမ်းချဉ်သီးထဲ Oatmeal ထည့်သုံးလို့ရသလို Dry Skin သမားတွေက အသားအရေကို အစိုဓာတ်ထိန်းပေးဖို့ ဒိန်ချဉ်ထည့်လို့ရပါတယ်။

သံပုရာရည်

သံပုရာသီးတစ်ဝက်ကို ဖျော်ပြီး ညမအိပ်ခင် ဂွမ်းလုံးလေးနဲ့ မျက်နှာကို လိမ်းပေးပါ။ သံပုရာရည်က ချွေးပေါက်ကို ကျဉ်းစေပြီး အမဲစက်တွေကို သက်သာစေပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေရှိရင်တော့ သံပုရာရည်ကိုရေနဲ့ ရောပြီး လိမ်းပေးပါ။

Oatmeal နဲ့ ကုလားပဲမှုန့်

Oatmeal နဲ့ ကုလားပဲမှုန့် တို့ကို သံပုရည်နည်းနည်း ၊ Rose Water ၊ ဒိန်တို့ရောပြီး မျက်နှာကိုလိမ်းပေးပါ။ ခြောက်သွားပြီဆိုမှ ရေဆေးလိုက်ပါ။ ဒါက ချွေးပေါက်တွေကို ကြည်လင်စေပြီး အသားအရေကို ကောင်းမွန်စေပါတယ်။

ကြက်ဥအနှစ်

ကြက်ဥအနှစ်ကို သံပုရာရည်နည်းနည်းရောပြီး လိမ်းပေးရင်လည်း အသားအရေကို ကြည်လင်စေပြီး ချွေးပေါက်အရွယ်အစားကို လျှော့ချပေးနိုင်ပါတယ်။

Milk Ice Cubes

နို့စိမ်းကို အတုံးလေးတွေဖြစ်အောင် အေးခဲပြီး မျက်နှာအနှံ့ ၂ မိနစ်လောက် ပွတ်ပေးပါ။ နို့မှာပါတဲ့ လက်တစ်အက်ဆစ်က ချွေးပေါက်တွေကို ကျဉ်းစေပြီး တစ်ချိန်တည်းမှာ အသားအရေကို တောက်ပစေပါတယ်။

ပျားရည်

ပျားရည်က ချွေးပေါက်တွေကို ညီညာစေပြီး အဆီပြန်တာကို သက်သာစေတာမလို့ ပျားရည်ကို သံပုရည်နည်းနည်းရောပြီး မျက်နှာကိုလိမ်းပေးပါ။ တိုက်ရိုက်လိမ်းနိုင်ပါတယ်။ မျက်နှာကို နှိပ်ပြီး မိနစ်အနည်းငယ်ကြာအောင် ထားပြီးမှ ကြက်သီးနွေးရေနဲ့ သစ်ပေးပါ။