မျက်လုံးအောက်နားက မျက်ကွင်းအရမ်းညိုပြီး ချိုင့်နေရင် ပင်ပန်းနေတဲ့ပုံစံ ဖြစ်စေပါတယ်။ ကြည့်ရတာလည်း ပိုပြီးအိုစာသလို ဖြစ်နေပါတယ်။ ဒါကြောင့် မျက်ကွင်းညိုခြင်းနဲ့ မျက်လုံးအောက်နားတစ်ဝိုက်က ပင်ပန်းနေတဲ့ပုံစံဖြစ်နေတာကို လျော့ကျစေမယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Caffeine

ကော်ဖီသောက်ပေးရင် မျက်ကွင်းညိုခြင်းနဲ့ မျက်လုံးအောက်နားတစ်ဝိုက်က ပင်ပန်းနေတဲ့ပုံစံဖြစ်တာကို သက်သာစေပါတယ်။ Eyecream တွေဆိုလည်း Caffeine နဲ့လုပ်ထားတာတွေက မျက်ကွင်းညိုတာအတွက် အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကော်ဖီကို တစ်နေ့ ၃ ခွက်ထက်ပိုသောက်ရင်တော့ လုံးဝမကောင်းပါဘူး။ ကျန်းမာရေးလည်း ထိခိုက်စေပါတယ်။

Retinol နဲ့ Niacinamide

Retinol နဲ့ Niacinamide ကို သုံးပေးခြင်းကလည်း Redness တွေ၊ Hyperpigmentation တွေ လျော့ကျစေဖို့ ကူညီပေးပါတယ်။ မျက်လုံးနားတစ်ဝိုက်က မျက်ကွင်းတွေညိုပြီး အရေးအကြောင်းတွေဖြစ်နေလို့ ပင်ပန်းနေတဲ့ပုံစံဖြစ်နေတာကို သိသိသာသာ သက်သာစေပါတယ်။

Caffeine Masks

Caffeine Masks လုပ်ပေးခြင်းက မျက်အိတ်ဖောင်းတာ၊ ပင်ပန်းနေတဲ့မျက်ကွင်းတွေ ဖြစ်နေတာ၊ မျက်ကွင်းညိုတာ၊ အသားအရေညစ်နေတာကို သက်သာစေပါတယ်။ Caffeine မှာက Amino acids တွေပါလို့ အသားအရေအတွက် Collagen ထုတ်လုပ်မှု တိုးမြှင့်ပေးပါတယ်။

ထောပတ်သီးစားခြင်း

မနက်စာစားတဲ့အခါမှာ ထောပတ်သီးစားပေးပါ။ အသားအရေအတွက်လည်းကောင်းသလို၊ ခန္ဓာကိုယ်အတွက်လည်း ကောင်းပါတယ်။ မျက်ကွင်းညိုတာ၊ ပင်ပန်းနေတဲ့မျက်ကွင်းမျိုး ဖြစ်နေတာတွေကိုလည်း လျော့ကျစေပါတယ်။

အိပ်စက်ပုံမှားနေခြင်း

အိပ်စက်ပုံမှားနေရင်လည်း မျက်အိတ်ဖောင်းပြီး ပင်ပန်းနေတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် ဒုတိယပုံမှာပြထားတဲ့အတိုင်းလေး အိပ်ပေးပါ။