လက်သည်းနီဆိုးလေ့ရှိတဲ့ပျိုမေလေးတွေအတွက် ဒီနေ့မှာတော့ ကိုယ်တိုင်လက်သည်းနီဆိုးတဲ့အခါ လက်သည်းလေးတွေ အထိခိုက် ပျက်စီးနည်းစေဖို့အတွက် ပြောပြပေးချင်ပါတယ်။ လက်သည်းနီဆိုးပြီဆိုရင် ဆိုင်မှာသွားဆိုးရင်တော့ ဒီအချက်တွေကို လုပ်ပေးပေမယ့် ကိုယ်တိုင်အိမ်မှာ ဆိုးရင်ကျတော့ လက်သည်းဖျက်ဆေးနဲ့ဖျက်ပြီး တစ်ခါထဲ လက်သည်းနီထပ်ဆိုးလိုက်တာပဲနော်။ ဒီလိုဆိုးတာက လက်သည်းကိုပျက်စီးစေသလို၊ လက်သည်းနီလည်း လက်ပေါ်မှာ ကြာရှည်မခံဘူးနော်။

ဒါကြောင့် ကိုယ်တိုင်ဆိုးတော့မယ်ဆိုရင် လက်သည်းထိခိုက်ပျက်စီးတာ သက်သာအောင် ကျော်မသွားသင့်တဲ့ ဒီအချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ဖျက်ဆေးနဲ့ သေချာစွာသန့်စင်ပေးပါ

လက်သည်းနီဆိုးခံနီးရင် ဖျက်ဆေးနဲ့ လက်သည်းကို အရင်သန့်စင်ပေးပါ။ လက်သည်းနီဆိုးထားတာမရှိဘူးဆိုပြီး တန်းမဆိုးပါနဲ့။ လက်သည်းမှာ ဖုန်နဲ့ အဆီတွေ ကပ်နေနိုင်တဲ့အတွက် လက်သည်းဖျက်ဆေးနဲ့ အရင်သုတ်ပေးဖို့ မမေ့ပါနဲ့။

Base Coat

လက်သည်းနီမဆိုးခင်မှာ Base Coat ဆိုးဖို့လည်း မမေ့ပါနဲ့။ Base Coat ခံပြီးဆိုးပေးတာက လက်သည်းကိုလည်း တိုက်ရိုက်မပျက်စီးစေသလို လက်သည်းနီလည်း ကြာရှည်ခံစေပါတယ်။ ဒါ့အပြင် လက်သည်းနီဆိုးရတာကိုလည်း ပိုမိုလွယ်ကူစေပါတယ်။

Top Coat

လက်သည်းနီဆိုးပြီးရင် အပေါ်ကနေ Top Coat ထပ်ဆိုးပေးဖို့လည်း မမေ့ပါနဲ့။ လက်သည်းနီဆိုးပြီဆို Top Coat နဲ့ Base Coat က လိုကိုလိုပါတယ်။ Top Coat ထပ်ဆိုးလိုက်ရင် လက်သည်းနီအရောင်လည်း ပိုတောက်ပြီး ကြည်ကြည်လေးနဲ့ ပိုလှစေပါတယ်။

အခြောက်ခံစက်

လက်သည်းနီဆိုးရင် အမြန်ခြောက်အောင် လေမှုတ်တာ၊ ရေစိမ်တာ၊ ပန်ကာလေခံတာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်လိုက်ရင် အမြန်ခြောက်သွားပေမယ့် အပြင်ပန်းပဲခြောက်တာပါ။ အတွင်းဘက်မှာတော့ မခြောက်ပါဘူး။ ဒါကြောင့် အမြန်ခြောက်ချင်ရင် အခြောက်ခံစက်ပဲသုံးပါ။

လက်သည်းအားဖြည့်အဆီ

လက်သည်းအားဖြည့်အဆီကိုလည်း သုံးပေးပါ။ ဆိုင်မှာသွားဆိုးရင်တော့ အားလုံးပြီးရင် နောက်ဆုံးလက်မှာ အဆီလေးသုတ်ပြီး ပွတ်ပေးလိုက်ပေမယ့် အိမ်မှာကိုယ်တိုင်ဆိုးတော့ မလုပ်မိကြတာများပါတယ်။ လက်သည်းအားဖြည့်အဆီကို သုံးပေးတာက လက်သည်းကိုလည်း ကျန်းမာစေသလို လက်သည်းကိုလည်း ရေဓာတ်ဖြည့်ပေးပါတယ်။ လက်သည်းအသားမာတက်တာမျိုး၊ လက်သည်းအဖတ်လန်တာမျိုးကိုလည်း မဖြစ်အောင် ကာကွယ်ပေးတဲ့အတွက် လက်သည်းဆိုးရတာဝါသနာပါရင် ဝယ်ထားသင့်ပါတယ်။

Source: www.rd.com