ဆောင်းရာသီမှာ ပုံမှန်ထက်ပိုပြီး ခြေဖဝါးတွေကြမ်းတမ်းတာမျိုး၊ ခြေဖနောင့်ကွဲပြီး အရေခွံလန်တာမျိုး၊ အသားမာတက်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ပုံမှန်ဂရုစိုက်ပြီး လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ခြေထောက်တိုက်ပါ

နေ့တိုင်း ရေချိုးတဲ့အခါမှာ ခြေဖနောင့်ကိုလည်း ခြေထောက်တိုက်တဲ့ကျောက်တုံးလေးနဲ့ တိုက်ပေးပါ။ တစ်ပတ်တစ်ခါ ခြေဖဝါးနဲ့ ခြေဖနောင့်ကို အသားမာတိုက်ပေးပါ။

ရေနွေးစိမ်ပါ

ရေဇလုံထဲကို ရေနွေးထည့်၊ ဆားထည့်ပြီး Baby shampoo ထည့်ကာ ခြေထောက်စိမ်ပေးပါ။ ၁၅ မိနစ်လောက်စိမ်ပေးပြီး Brush နဲ့ ခြေထောက်တိုက်ပေးပါ။ ပြီးရင်တော့ ခြေထောက်ကို ရေအေးနဲ့ပြန်ဆေးပြီး Lotion သေချာပြန်လိမ်းပါ။ ဒါကိုတော့ တစ်ပတ်မှာ ၂ ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။

Foot cream (သို့) Lotion သေချာလိမ်းပါ

ညအိပ်ယာဝင်ခါနီးတိုင်းမှာ ခြေထောက်ကိုသေချာသန့်စင်ပြီး ရေခြောက်အောင်သုတ်ပါ။ ပြီးရင်တော့ ခြေဖမိုး၊ ခြေဖဝါးနဲ့ ခြေဖနောင့်တွေကို Foot cream (သို့) Lotion သေချာလိမ်းပြီးမှအိပ်ပါ။ ဒါက ညတိုင်းလုပ်ပေးရမှာ ဖြစ်ပါတယ်။

ခြေအိတ်စွတ်အိပ်ပါ

ခြေဖနောင့်တွေကွဲနေတယ်ဆိုရင် ခုနကလိုပဲ ညအိပ်ယာဝင်ခါနီးမှာ ခြေထောက်ကိုသေချာသန့်စင်ပြီး Foot cream လိမ်းပါ။ ပြီးရင်တော့ ခြေအိတ်စွတ်ပြီးအိပ်ပါ။ ခြေဖနောင့်ကွဲတာတွေ သက်သာပါတယ်။

Exfoliate (သို့) Scrub

Body နဲ့ ခြေထောက်တွေကို Exfoliate (သို့) Scrub လုပ်တဲ့အခါမှာ တော်တော်များများက ခြေဖဝါးနဲ့ ခြေဖနောင့်ကို တိုက်ဖို့မေ့နေတတ်ကြပါတယ်။ ဆောင်းတွင်းမှာ ခြေဖနောင့်ကွဲတာ၊ ခြေဖဝါးကြမ်းတာမျိုးတွေ မဖြစ်ချင်ရင်တော့ ခြေဖဝါးနဲ့ ခြေဖနောင့်ကိုပါ သေချာတိုက်ပေးပါ။ ဒါက တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရမယ့်အရာ ဖြစ်ပါတယ်။