Shopping သွားရင်ဘဲဖြစ်ဖြစ် လမ်းကြုံလို့ဘဲဖြစ်ဖြစ် လှတာလေးတွေ့တိုင်း ဝယ်မိလို့ ဗီရိုထဲမှာ အဝတ်တွေပြည့်နေတာကြောင့် စိတ်ညစ်နေလား ? ဒါဆိုပြည့်နေတဲ့ဗီရိုကိုလျော့ချဖို့ ဒီအချက် ( 4 ) ချက်ကို လုပ်ကြည့်ပါ။

မဝယ်ဖြစ်အောင်နေပါ

တစ်လ၊ ရာသီတစ်ခု ဒါမမဟုတ် တစ်နှစ်အတွင်း အဝတ်အစားအသစ်မဝယ်ဖို့ ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။

လျော့ချပါ

အားတဲ့ရက်မှာ ဗီရိုကိုပြန်စီစဉ်ကြည့်ပါ။ မလိုအပ်တော့တဲ့အဝတ်တွေ ၊ မဝတ်တော့တဲ့အဝတ်တွေကို ဖယ်ရှားလိုက်ပါ။

မဝယ်ခင်စဥ်းစားပါ

ဖက်ရှင်ခေတ်ရေစီးကြောင်းအတိုင်း အသစ်အသစ်တွေက အမြဲပေါ်နေတာကို လိုက်ဝယ်ရင် ဘယ်တော့မှပြီးဆုံးတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝယ်တော့မယ်ဆိုရင် လိုအပ်လား မလိုအပ်လားဆိုတာ မဝယ်ခင် ခေတ္တရပ်ပြီးစဥ်းစားပါ။

လှူလိုက်ပါ

တစ်ခါလောက်ဝတ်ပြီး မဝတ်ဖြစ်တော့တာတွေ လုံးဝမလိုက်ဖက်ဘူးထင်လို့ မဝတ်ဖြစ်တဲ့အဝတ်အစားတွေကို ဖယ်ရှားလိုက်ပါ။ လိုအပ်တဲ့နေရာတွေ လှူဒါန်းလိုက်ပါ။