ကိုယ့်ဘဝကို ပိုပြီးခက်ခဲအောင် လုပ်မယ့်အစား ပိုမိုလွယ်ကူအောင်၊ စိတ်ဖိစီးမှုတွေ လျော့နည်းအောင် နေထိုင်သင့်ပါတယ်။ ဒါမှ အမြဲတမ်း ပျော်ရွှင်ပြီး စိတ်ချမ်းသာနေရမှာပါ။ စိတ်ညစ်စရာရှိနေရင်တောင်မှ ကြာကြာမခံစားရပဲနေမှာပါ။ ဒါကြောင့် ဘဝကိုပိုမိုလွယ်ကူအောင်၊ စိတ်ဖိစီးမှုနည်းအောင် နေနိုင်ဖို့အတွက် အကြံပြုချက်တွေကို မျှဝေပေးလိုက်ပါတယ်။

NO ပြောဖို့ ဝန်မလေးပါနဲ့

ကိုယ်မလုပ်နိုင်တဲ့အရာတွေကို အားနာတဲ့စိတ်နဲ့ လက်ခံလုပ်ပေးပြီး ကိုယ့်ကိုယ်ကို ပင်ပန်းအောင် မလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုပဲချစ်ပါ။ ကိုယ်မလုပ်နိုင်ရင်၊ မလုပ်ချင်ရင် NO လို့ပြောဖို့ ငြင်းဆန်ဖို့ကို ဝန်မလေးပါနဲ့။

Schedule ဆွဲပါ

လုပ်ရမယ့်အရာတွေကျန်နေရင် အလုပ်တွေပုံနေရင် Stress ပိစေပါတယ်။ ဒီတော့ လုပ်ရမယ့်အရာတွေ တစ်နေ့တာအတွက် Schedule ဆွဲပြီး လုပ်ဆောင်ပါ။

Management သေချာလုပ်ပါ

ကိုယ့်ဝင်ငွေ၊ ထွက်ငွေနဲ့ပတ်သက်ပြီး သေချာ Management လုပ်ပြီး သုံးစွဲမယ်ဆိုရင် အဆင်ပြေမှာပါ။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့လည်း စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်ရတာတွေ လျော့နည်းသွားပါလိမ့်မယ်။ ပိုမိုကောင်းမွန်တဲ့ အခြေအနေကိုလည်း ရရှိစေပါတယ်။

Toxic ဖြစ်တဲ့သူတွေရဲ့အဝေးမှာနေပါ

ချစ်သူ၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းစတဲ့ Relationship တိုင်းမှာ Toxic ဖြစ်စေတဲ့သူတွေပါနေရင် သူတို့နဲ့ဝေးဝေးသာနေပါ။ ကိုယ့်စိတ်ကို ညစ်နွမ်းမခံပဲ ပျော်ရွှင်စွာနေနိုင်အောင်၊ စိတ်ဖိစီးမှုနည်းအောင် ဒီအချက်ကို လိုက်နာသင့်ပါတယ်။

Unhealthy Lifestyle ကို ပြောင်းလဲပါ

ကျန်းမာမှလည်း စိတ်ချမ်းသာရမှာပါ။ ဒီတော့ Unhealthy Lifestyle ကနေ Healthy Lifestyle ရအောင် ပြောင်းလဲနေထိုင်ပါ။

ကိုယ့်ကိုယ်ကိုပျော်အောင်ထားပါ

ပျော်ရွှင်မှုကို လက်လွတ်မခံဘဲ ပျော်အောင်နေလိုက်ပါ။ ကိုယ်ပျော်ရွှင်ရတယ်ဆိုရင် ဘာမှတွေးမနေပဲ ပျော်လိုက်ပါ။ ကိုယ့်စိတ်ပျော်ရမယ့်အရာတွေကိုပဲ ရွေးချယ်ပြီး လုပ်ဆောင်ပါ။

ရိုးရှင်းတဲ့ပြဿနာတွေကိုရှုပ်ထွေးအောင်မလုပ်ပါနဲ့

ဘာမဟုတ်တဲ့ ရိုးရှင်းတဲ့ပြဿနာလေးတွေကို ပိုပြီးကြီးသွားအောင်၊ ရှုပ်ထွေးသွားအောင် မလုပ်ပါနဲ့။ အဓိကကတော့ အတွေးလွန်တာပေါ့။ အတွေးလွန်ပြီး ပြဿနာတွေကို ကြီးမားအောင်လုပ်ပြီး ကိုယ့်စိတ်ကိုဒုက္ခမပေးပါနဲ့။