ဒီဇိုင်နာအိတ်တွေကို တချို့က သဘောကျနှစ်သက်လို့ ဝယ်ကြသလို တချို့ကတော့ ရင်းနှီးမြုပ်နှံမှုတစ်ခုအနေနဲ့ ဝယ်လေ့ရှိပါတယ်။ တကယ်လို့ သင်က ရင်းနှီးမြုပ်နှံဖို့ဝယ်တာဆိုရင်တော့ အိတ်ကို ဂရုတစိုက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ နောင်တစ်ချိန်ပြန်ရောင်းတဲ့အခါ ဈေးကောင်းရစေဖို့ပါ။

ဒါဆိုရင် ဒီဇိုင်နာအိတ်တွေကို ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲ ?

Handbag Liner ကိုသုံးပါ

သင်က လက်ကိုင်အိတ်တွေကို မကြာခဏပြောင်းသုံးတတ်ရင် လက်ကိုင်အိတ် Liner ကိုသုံးတာကောင်းပါတယ်။ အရည်ပါတဲ့အလှကုန်တွေ ၊ ဘောလ်ပင်တွေကို ပိုက်ဆံအိတ်ထဲမှာ အိတ်မပါဘဲမသုံးသင့်ပါဘူး။ Liner တွေက အိတ်ကို ဖုန်မှုန့်နဲ့ အစွန်းအထင်းတွေကနေ ကာကွယ်နိုင်ရုံသာမက အိတ်လဲမယ်ဆိုရင်လည်း လဲရလွယ်ကူစေပါတယ်။

အများကြီးမထည့်ပါနဲ့

အိတ်ထဲ မလိုအပ်တဲ့ပစ္စည်းတွေကို အများကြီးထည့်တဲ့အခါ အိတ်ကို ပိုလေးစေပြီး လက်ကိုင်တွေကိုတောင် ပျက်စီးစေနိုင်ပါတယ်။ ဒါက အိတ်ရဲ့ပုံစံကိုပျက်စီးစေပြီး တန်ဖိုးကျစေပါတယ်။

အစွန်းအထင်းများကို ဂရုစိုက်ပါ

အိတ်ထဲ တစ်ခုခု မတော်တဆ ဖိတ်ကျမိရင် တတ်နိုင်သမျှ အမြန်ဆုံး ဂရုစိုက်ပါ။ အခုခေတ်မှာ ဆိုင်တော်တော်များများက အိတ်တွေဖိနပ်တွေ မတော်တဆညစ်ပတ်ခဲ့ရင် ချက်ချင်းသန့်ရှင်းလို့ရတဲ့ Wipes တွေ ရောင်းနေပါပြီ။

Professional Cleaning လုပ်ပါ

တစ်ခါတလေ အိတ်တွေကို ကိုယ့်ဘာသာကိုယ် သန့်ရှင်းဖို့က အဆင်မပြေလှပါဘူး။ အစွန်းအထင်းတွေပျောက်ဖို့အတွက် ကျွမ်းကျင်ပညာရှင်နဲ့ ပြသသင့်ပါတယ်။

Dust bag နဲ့သိမ်းပါ

အိတ်တွေကိုသိမ်းတဲ့အခါ အလွယ်ဒီအတိုင်းမသိမ်းဘဲ ဂရုတစိုက်နဲ့ Dust Bag ထဲထည့်ပြီး လှဲမထားဘဲ ထောင်ထားတဲ့ပုံစံနဲ့ သိမ်းပေးပါ။

Weather Extremes ကနေ ဝေးအောင်ထားပါ

စိုထိုင်းဆနည်းတာက အိတ်တွေကို မှိုတတ်စေသလို နေရောင်ခြည်ကလည်း အိတ်ရဲ့အရောင်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် အိတ်တွေသိမ်းတဲ့အခါ နေရောင်ခြည် တိုက်ရိုက်မထိဘဲ အေးပြီးခြောက်သွေ့သောနေရာမှာ သေချာလေး သိမ်းဆည်းသင့်ပါတယ်။

လက်များကို သန့်ရှင်းအောင်ထားပါ

လက်မှာရှိတဲ့ အဆီနဲ့အညစ်အကြေးတွေက အဖိုးတန်လက်ကိုင်အိတ်တွေကို ပျက်စီးစေနိုင်ပါတယ်။ သတိမထားမိဘဲကိုင်မိရင် အညစ်အကြေးတွေက အိတ်ထဲစိမ့်ဝင်နိုင်ပြီး ရေရှည်ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိတ်တွေမကိုင်ခင် လက်ကို သန့်ရှင်းအောင်ထားပါ။

Source: luxity