ဆောင်းရာသီရောက်လာပြီဆို လေထုက ခြောက်နေတာမလို့ နှုတ်ခမ်းတွေ လက်တွေက ခြောက်လာပါတယ်။ ဒီလိုဘဲ လက်သန့်ဆေးတွေကို ခနခနသုံးတာ လက်ဆေးတာတွေကြောင့်လည်း အရေပြားဟာ ကြာလာရင် ခြောက်လာပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။

ဆောင်းရာသီမှာ သဘာဝအတိုင်း လက်ကို နူးညံ့စေဖို့အတွက် အိ်မ်မှာလုပ်လို့ရတဲ့ Homemade Hand Cream လေးတွေ လိမ်းပေးပါ။

ပျားရည် ၁ ဇွန်းကို ဆားမပါတဲ့ ထောပတ် ၃ ဇွန်းနဲ့ရောမွှေပြီး Hand Cream အနေနဲ့လိမ်းပေးပါ။ ရေခဲသေတ္တာထဲမှာ တစ်ပတ်လောက် ထားလို့ရပါတယ်။

Glycerin ၁ ဇွန်း၊ ကြက်ဥအနှစ် ၊ သံလွင်ဆီ 1 ဇွန်း၊ ဗာဒံဆီ 1 ဇွန်း၊ သံပုရာရည် 1 ဇွန်းနဲ့ နှင်းဆီရေ 20 ml တို့ကို ရောစပ်လိုက်ပါ။ လက်ပေါ် လိမ်းပြီး 25 မိနစ်လောက်အကြာမှာ ရေဆေးချပါ။ Moisturizer လိမ်းပေးပါ။

ရှားစောင်းလက်ပတ်ဂျယ် ၂ ဇွန်း နဲ့ နေကြာဆီ ၂ ဇွန်းကိုရောပြီး အပူနည်းနည်းပေးလိုက်ပါ။ ပြီးမှ Hand Mask အနေနဲ့ လိမ်းပေးပါ။ မိနစ် 20 အကြာမှာ ရေဆေးချလိုက်ပါ။

နို့တစ်ဝက်နဲ့ထောင်းထားတဲ့ အာလူးထောင်းကလည်း အရမ်းကောင်းတဲ့ Hand Mask တစ်ခုမလို့ ဒီတစ်ပတ်ပိတ်ရက်မှာ စမ်းကြည့်ပါ။

ကြက်ဥတွေသုံးပြီးရင် မလွှင့်ပစ်ပါနဲ့ ။ ကျန်နေတဲ့ကြက်ဥအကာကို လက်မှာ လိမ်းပေးပါ။ 10 မိနစ်ကြာပြီးမှ ရေဆေးချပါ။

ခရမ်းချဉ်သီးဖျော်ရည် ၁ ဇွန်း+ သခွားသီးဖျော်ရည် ၁ ဇွန်းရောထားတဲ့အထဲ စိမ်ထားတဲ့ ဂွမ်းလုံးတစ်လုံးနဲ့ လက်ကို ပွတ်တိုက်ပေးပါ။

ဗာဒံဆီနဲ့ အုန်းဆီကို ပမာဏ ညီတူညီမျှရောပြီး အိပ်ယာမဝင်ခင် လက်နဲ့ ခြေထောက်တွေကို လိမ်းပြီး နှိပ်နယ်ပေးပါ။