လုပ်ငန်းခွင်မှ စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးပျက်ခြင်း၊ အသင့်စား အစားအစာများ အလွန်အကျွံစားသုံးခြင်းတို့က သင့်ကို ဝိတ်တက်စေမှာပဲ့ဖြစ်ပါတယ်။ ဒီလိုတရိပ်ရိပ်ဝိတ်တက်လာလို့ စိတ်ညစ်နေသူတွေအတွက် (သို့မဟုတ်) ရက်တိုဝိတ်ချချင်သူတွေအတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်နော်။

အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို ၂ ပတ်အတွင်း မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် ဝိတ်ကျသွားမှာအသေအချာပါပဲ့ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်မပြုလုပ်ချင်သူများ၊ အစားအသောက် မလျှော့ချင်သူများအတွက်တော့ အံကိုက်ပါပဲ့။

မနက်စောစော အိပ်ယာထပါ

အိပ်ယာထနောက်ကျလေ ဝိတ်တက်လေးပါပဲ့။ အိပ်ရေးဝဝအိပ်စက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေပေမယ့် အိပ်စက်ချိန်များသွားမယ်ဆိုရင်တော့ သင့်ရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေမှာပါ။ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ၈ နာရီ၊ ၉ နာရီကျော်ကြာ အိပ်စက်ပြီးတော့ ၁၀ နာရီခွဲကျော်မှ အိပ်ယာထသူတွေက စောစောအိပ်ယာထတဲ့သူတွေထက် ၂၅၀ ကယ်လိုရီကျော်အောင် စားသုံးမိကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ချိုတဲ့အစားအစာများ၊ ငန်တဲ့အစားအစာများနဲ့ အဆီဓာတ်များပြားတဲ့ အစားအစာများကို ပိုမိုစားသုံးမိတတ်ကြပါတယ်။

မကြာခဏ သွားတိုက်ပါ

မကြာခဏ သွားတိုက်ဆိုပေမယ့် အစား စားပြီးချင် သွားတိုက်ခိုင်းတာမဟုတ်ပါဘူး။ စားပြီးပြီးချင်း သွားတိုက်ရင် သွားကြွေလွှာတွေ ပျက်စီးသွားတတ်တာကြောင့် မိနစ် ၃၀၊ ၁ နာရီကြာမှ သွားတိုက်ပေးရပါမယ်။ ဒီလိုသွားတိုက်ပြီးတဲ့အခါ အစား ထပ်မစားနဲ့တော့လို့ ဦးနှောက်ကို အသိပေးရာရောက်ပါတယ်။ ဒါ့ကြောင့် သွားတိုက်ခြင်းနဲ့ ဝိတ်ကျစေခြင်းက ဆက်စပ်နေတာပဲဖြစ်ပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ခြင်းက ခန္ဓာကိုယ်ထဲက အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ရေ ၅၀ အောင်စခန့် သောက်သုံးသူတွေက တစ်နှစ်ကြာအတွင်းမှာ ၁၇၄၀၀ ကယ်လိုရီခန့် လောင်ကျွမ်းပြီး ၄ ပေါင်ခန့် ကျနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

စိတ်ဖိစီးမှုများကို ဖြေလျော့ပါ

လေ့လာချက်များအရ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပြီး ဝိတ်တက်စေပါတယ်။ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ စိတ်ဖိစီးမှုများခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ ကယ်လိုရီများတဲ့အစားအစာတွေကို စားသုံးမိစေပြီး ဝိတ်တက်စေမှာပဲဖြစ်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်အနားယူပါ

ကျန်းမာတဲ့လူတစ်ယောက်က စောစောအိပ်ရာဝင်ပြီး စောစောအိပ်ရာထလေ့ရှိပါတယ်။ ညဘက် ၁၀ နာရီ၊ ၁၁ နာရီ အိပ်ရာဝင်ပြီး မနက် ၆ နာရီ၊ ၇ နာရီ အိပ်ရာထခြင်းကတော့ အကောင်းဆုံး အိပ်စက်အနားယူမှု အချိန်ဇယားပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ ၅ နာရီထက်နည်းပြီး အိပ်စက်သူများအနေနဲ့ အဝလွန်ခြင်းကို ခံစားရနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

သင့်အနေနဲ့ အချိန်တိုအတွင် ဝိတ်မြန်မြန်ကျချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးသွားတဲ့ အချက်လေးတွေကို လိုက်လံပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

Source: Brightside.me