ဓာတ်ပုံရိုက်ပြီးလို့ ပြန်ကြည့်တိုင်း ပုံတွေမှာလှလှလေးထွက်လာတဲ့ သူငယ်ချင်းကို အားကျဖူးလား ? ဒါဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ တချို့လူတွေအတွက် ဓာတ်ပုံရိုက်တဲ့အချိန် သဘာဝအတိုင်းဖြစ်နေဖို့ မခက်ပေမယ့် အချို့အတွက်ကတော့ ပုံထဲမှာကြည့်ကောင်းဖို့ တော်တော်အားစိုက်ရပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့ ။ ဓာတ်ပုံတွေထဲမှာ သဘာဝကျကျနဲ့ ပိုကြည့်ကောင်းအောင် ဒီလိုလေးတွေ နေကြည့်ပါ။

ကင်မရာကို တိုက်ရိုက်မကြည့်ပါနဲ့။ မှန်ဘီလူးရဲ့ အပေါ်ကို ကြည့်ပါ။

ဓာတ်ပုံထဲမှာ မေးနှစ်ထပ်မဖြစ်နေအောင် ခေါင်းကို နည်းနည်းစောင်းထားပါ။

တည့်တည့်မတ်နေတဲ့ ကိုယ်ဟန်အနေအထားက သင့်ကို ဓာတ်ပုံထဲမှာဆွဲဆောင်မှုရှိပြီး ယုံကြည်မှုရှိစေပါတယ်။

ဖမ်းခံထားရသလိုမျိုး ကင်မရာဘက်ကို မျက်နှာတည့်တည့် ဘယ်တော့မှ မရပ်ပါနဲ့။ ခန္ဓာကိုယ်ကို Model Pose လိုမျိုး နည်းနည်းလှည့်လိုက်ပါ။ ဒါက သင့်ကို အရပ်ရှည်စေရုံသာမကဘဲ ပိန်တဲ့ပုံစံပေါ်စေပါတယ်။

အဖွဲ့လိုက်ရိုက်တဲ့အခါ မတ်တပ်ရပ်မယ့်အစား ထိုင်ပြီးရိုက်ကြည့်ပါ။

မျက်နှာက Full Makeup လိမ်းထားရင် လည်ပင်းကိုလည်း လိမ်းဖို့မမေ့ပါနဲ့။ မဟုတ်ရင် ဖလက်ရှ်မီးအလင်းရောင်ကြောင့် ပုံတွေမှာ ကွာခြားချက်က သိသိသာသာကြီး ဖြစ်သွားပါလိမ့်မယ်။

မျက်လုံးကို Eyeshadow မခြယ်ဘူးဆိုရင်တောင် Mascara ကို မဖြစ်မနေသုံးပေးပါ။ ဒါမှ မျက်လုံးတွေက ပင်ပန်းနေရင်တောင်မှ ပုံထဲမှာလှနေမှာပါ။

ကလေးတွေကိုဓာတ်ပုံရိုက်တဲ့အခါ ပုံတွေမှာ အမြဲလိုလို အံ့သြစရာကောင်းလောက်အောင်ကို ကြည့်ကောင်းနေတာ သတိထားမိမှာပါ။ မိတ်ကပ်မလိမ်းဘဲ သာမာန်မျက်နှာဆိုပေမယ့် ကြည့်ကောင်းချင်ရင် ပျော်နေတဲ့အချိန်ဓာတ်ပုံရိုက်ပါ။ ဒါမှမဟုတ် စိတ်လျှော့ပြီး ယုံကြည်မှုအပြည့်နဲ့ ပြုံးပါ။