မိုးကရွာ အဝတ်တွေကမခြောက်နဲ့ ကြာလာရင် မှိုစွဲ့ပြီး အနံ့အသက်မကောင်းတာတွေနဲ့ မိုးရာသီမှာ အဝတ်လျှော်ရတာ တကယ်စိတ်ညစ်စရာပါ။ ဒါကြောင့် မိုးရာသီမှာ အဝတ်တွေ အနံ့အသက်ကင်းစေဖို့နဲ့ အဝတ်တွေပျော့ပျောင်းနေစေဖို့ နည်းလမ်းတချို့ဝေမျှပေးချင်ပါတယ်။

လျှော်ပြီးရင် အဝတ်တွေ ပျော့နေစေဖို့နဲ့ လျှော်ပြီးအနံ့အသက်ကင်းနေစေဖို့ အရင်ဆုံးလုပ်ရမှာက Softener သုံးပါ။

အဝတ်တွေကို မလျှော်ခင် တရက်ကြိုပြီး အိုင်အိုဒင်းဆားထည့်ထားတဲ့ ရေနွေးနွေးလေးနဲ့ စိမ်ထားလိုက်ပါ။ ဒါမှ နောက်တစ်နေ့မနက်လျှော်တဲ့အခါ အဝတ်အစားတွေက လတ်ဆတ်ပြီး အသစ်လိုဖြစ်နေစေပါတယ်။

အဝတ်လျှော်စက်ထဲ အများကြီးထည့်လျှော်ရင်လည်း အဝတ်တွေကကြပ်ပြီး ပျက်စီးနိုင်တာမလို့ စက်နဲ့လျှော်မယ်ဆိုရင် အဝတ်လျှော်စက်ရဲ့ အပေါ်ဘက်မှာ နေရာလွတ်တစ်လက်လောက် ချန်ထားပါ။

တကယ်လို့ အဝတ်တွေခြောက်ဖို့ Dryer သုံးတယ်ဆိုရင် Dryer Balls ထည့်သုံးကြည့်ပါ။ အခြောက်ခံပြီးရင် အဝတ်တွေက ပုံမှန်ထက်ပျော့ပျောင်းနေတာ တွေ့ရမှာပါ။