မင်္ဂလာပါနော်။ ခရီးသွားဖို့ နေရာအများကြီးရှိတဲ့အထဲကမှ တခြားနေရာတွေထက် ကမ်းခြေကိုပဲ သွားရတာ ပိုကြိုက်ကြတဲ့ MyStyle Myanmar စာဖတ်ချစ်ပရိတ်သတ်တွေအတွက် ကမ်းခြေမှာ ရေကစားတဲ့အခါ အသားအရေ အရမ်းမပျက်စီးအောင် ပြုလုပ်ရမယ့် နည်းလမ်းတွေကို မျှဝေပေးသွားပါမယ်။

၁။ Sun Cream လိမ်းပါ

ပင်လယ်ထဲ မဆင်းခင် အပြင်မထွက်ခင်မှာ သင့်ခန္ဓာကိုယ်အနှံ့ကို နေလောင်ဒဏ်ကာကွယ်ပေးမယ့် Sun Cream လိမ်းပေးဖို့ သတိရပါ။ SPF 50 အထိပါတာကို သုံးပါ။ ရေကစားတဲ့အခါမှာလည်း ယူသွားပါ။

၂။ SPF ပါတဲ့ Moisturizer သုံးပါ

သင့်မျက်နှာကို SPF ပါတဲ့ Moisturizer လိမ်းပေးပါ။ ဒါမှ နေရောင်ခြည်ထိတွေ့မှုကြောင့် နေလောင်ကွက်တွေ၊ အမည်းစက်တွေကို ကာကွယ်ပေးနိုင်မှာပါ။

၃။ အပြင်ကပြန်လာရင် မျက်နှာသေချာသစ်ပါ

သင့်မျက်နှာမှာ ကပ်ညှိလာတဲ့ အညစ်အကြေးတွေကို မိတ်ကပ်ဖျက်တာနဲ့ သေချာဖျက်ပေးလိုက်ပြီး မျက်နှာသေချာသစ်ပေးပါ။ ပြီးရင် Moisturizer လိမ်းပေးလိုက်ပါ။

၄။ ရေစိုခံ မိတ်ကပ်သုံးပါ

ပင်လယ်မှာ ရေကစားတာဆိုပေမယ့် မိတ်ကပ်လေးနဲ့ လှလှလေး ကစားလေ့ရှိကြပါတယ်။ ရေစိုတဲ့အခါ မိတ်ကပ်အလွယ်တကူ ပျက်မသွားအောင် ရေစိုခံမိတ်ကပ် နှုတ်ခမ်းနီတွေ သုံးပေးပါ။ ဆံပင်ကျွတ်ခြင်း နဲ့ အပျက်အစီးနည်းအောင် ကျစ်ဆံမြီးကျစ်တာမျိုး၊ ဆံပင်ကို သေချာစည်းပေးထားတာမျိုး လုပ်ပေးသင့်ပါတယ်။

၅။ အကာကွယ်ဝတ်ပါ

အသားမည်းမှာ အသားနေလောင်မှာ ကြောက်တယ်ဆိုရင်တော့ အင်္ကျ ီလက်ရှည်၊ ဦးထုပ် ၊ မျက်မှန် စတာတွေ မပါမဖြစ် ပါအောင် ယူသွား ဝတ်သွားပါ။ ဘယ်လောက်ပဲ အသားအရေကို SPF နဲ့ ကာကွယ်ထားထား အသားမမည်းချင်ရင်တော့ အင်္ကျ ီလက်ရှည်ဝတ်ဖို့လိုပါတယ်။ မျက်မှန်လည်း တပ်ပေးသင့်ပါတယ်။

၆။ ခရီးကပြန်လာရင်

မျက်နှာကို ပေါင်းပြန်တင်ပါ။ ဂျေးပြန်ချွတ်ပါ။ Moisturizer သေချာပြန်လိမ်းပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို Body Lotion မှန်မှန်လိမ်းပါ။