မိတ်ကပ်လိမ်းပြီးရင် တစ်နေ့လုံး ကြာရှည်ခံဖို့နဲ့ မိတ်ကပ်သားလှနေဖို့ကလည်း ပျိုမေတွေအတွက် အလှအပရေးရာထဲက အရေးကြီးတဲ့အရာတစ်ခုပဲ့ဖြစ်ပါတယ်။ ရှေးခေတ်ကလိုမိတ်ကပ်ခံချင်ရင် မိတ်ကပ်အထူကြီးလိမ်းရမယ်၊ ခဏခဏ ဖို့နေရမယ်ဆိုတာက မမှန်ကန်ပါဘူးနော်။

ဒါကြောင့် မိတ်ကပ်တစ်နေ့လုံး ကြာရှည်ခံဖို့နဲ့ အချိန်ကြာလာတာနဲ့အမျှ မိတ်ကပ်သားပိုလှလာစေမယ့် လျှို့ဝှက်ချက်လေးကို ပြောပြပေးချင်ပါတယ်။ မိန်းကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အလှဗျူဟာလေးမို့ အဆုံးထိကြည့်လိုက်ပါနော်။

Concealer ကို အရင်ဆုံးသုံးပေးပါ

မိန်းကလေးအများစုက Foundation သုံးပြီးမှ Concealer သုံးကြပါတယ်။ ဒါပေမဲ့ မိတ်ကပ်ကြာရှည်ခံစေဖို့ Concealer ကို အရင်သုံးသင့်ပါတယ်။ Concealer အရင်သုံးလိုက်တာက Foundation အများကြီးသုံးမိတဲ့ ဘေးကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုအရင်သုံးလိုက်တာက မျက်ခွံပေါ် Concealer သုံးရလည်း ပိုလွယ်ကူသွားစေပါတယ်။

Foundationကို သေချာရွေးချယ်တတ်ပါစေ

မိတ်ကပ်ကြာရှည်ဖို့ Foundation အဆင့်က အရေးအကြီးဆုံးပါ။ မိန်းကလေးအများစုနဲ့ သင့်တော်တဲ့ Makeup Foundation ကတော့ BB Cream ပါ။ ကိုယ့်အသားအရေနဲ့ တူတာ ဒါမှမဟုတ် တစ်ဆင့်ညိုတဲ့ Cream မျိုးကို ရွေးချယ်သုံးရပါမယ်။

မျက်ခွံပေါ်မှာ ကြားရောင်သုံးပြီး လိမ်းပေးပါ

Eyeliner ကြာရှည်ခံစေမယ့် နည်းလမ်းတစ်ခုကတော့ ကြားရောင်သုံးပေးတာပါ။ ကြားရောင်တွေကတော့ အဖြူရောင်၊ Beige အရောင်စတာတွေပါ။ ဒီအရောင်တွေ ပထမဆုံးတင်ပေးတာက Eyeliner ပိုခံစေသလို မျက်လုံးပိုလင်းစေပါတယ်။

ကိုယ်နဲ့လိုက်ဖက်တဲ့ Eyeliner ကိုရွေးပါ

Eyeliner ရွေးချယ်တဲ့နေရာမှာ အရည်အသွေးကောင်းတဲ့ Eyeliner ကိုရွေးသုံးသင့်ပါတယ်။ အရည်အသွေးကောင်းတဲ့ Eyeliner တွေက ကြာရှည်ခံစေသလို လိုရာဆွဲနိုင်ပါတယ်။

နှုတ်ခမ်းမှာလည်း Primer သုံးပေးဖို့ မမေ့နဲ့နော်

မိတ်ကပ်ကြာရှည်ခံဖို့ Primer ခံသုံးရပါတယ်။ သင့်မှာ ရှိတဲ့နှုတ်ခမ်းနီက တာရှည်မခံဘူးဆိုရင် နှုတ်ခမ်းမှာ Primer အရင်လိမ်းလိုက်ပါ။ ပြီးမှ နှုတ်ခမ်းနီဆိုးပေးပါ။

လက်နဲ့လိမ်းတတ်တဲ့အကျင့်ကို ဖျောက်ပစ်ပါ

သင့်လက်မှာ သဘာဝအဆီတွေ ရှိနေနိုင်ပါတယ်။ ဒါက အသားခြောက်သူတွေအတွက်တော့ ဘာပြဿနာမှမရှိပါဘူး။ လက်နဲ့ မိတ်ကပ်လိမ်းတာက မိတ်ကပ်ပျက်တာ ပိုမြန်စေပါတယ်။ Brush ရွေးတဲ့နေရာမှာလည်း ကိုယ့်မျက်နှာနဲ့ အဆင်ပြေတဲ့ Brush Size ကိုရွေးသုံးပေးသင့်ပါတယ်။

ပေါ့ပါးသိပ်သည်းခြင်းမရှိတဲ့ Moisture Cream ကို သုံးပါ

သိပ်သည်းဆများတဲ့ Moisturizer တွေက မိတ်ကပ်တာရှည်ခံမှု မဖြစ်စေပါဘူး။ ပေါ့ပေါ့ပါးပါးရှိတဲ့ Moisture Cream မျိုးကိုပဲ့ သုံးပေးသင့်ပါတယ်။

Source: allwomenstalk.com