ဆံပင်ကာလာဆိုးတဲ့သူတွေအတွက် ကာလာမကျသွားဖို့နဲ့ ဆံပင်မပျက်စီးစေဖို့အတွက် ဆံသားထိန်းသိမ်းနည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ ဆံသားပျက်စီးမှုနှုန်း လျော့နည်းစေပြီး ကျန်းမာတဲ့ healthy hair ကို ရရှိမှာပါ။

ခေါင်းခဏခဏမလျှော်ပါနဲ့

ခေါင်းခဏခဏလျှော်တာက ဆံပင်ကာလာမြန်မြန်ကျွတ်စေပါတယ်။ ကာလာလည်း ကြာရှည်မခံပါဘူး။ ဒါကြောင့် ခေါင်းခဏခဏလျှော်တာကိုတော့ ရှောင်ဖို့လိုပါတယ်။

ကိုက်ညီတဲ့ product ကိုရွေးသုံးပါ

ကာလာဆိုးထားတဲ့ဆံသားအတွက်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်နဲ့ conditioner တွေhair serum တွေကို သေချာရွေးသုံးပေးပါ။ ကာလာထိန်းတဲ့ product တွေကို သုံးပေးပြီးတော့လည်း ဆံသားကိုထိန်းသိမ်းနိုင်ပါတယ်။

Sulphate free

Sulphate က ဆံသားမှာရှိသင့်တဲ့ natural oils တွေကို ဆုံးရှုံးစေပါတယ်။ ကာလာလည်း မြန်မြန်မြိန်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်နဲ့ conditioner ကိုသုံးတဲ့အခါမှာ sulphate free ဖြစ်တာတွေကို ရွေးသုံးပေးပါ။

Nourishment

ကာလာဆိုးထားတဲ့ဆံပင်က ပျက်စီးခြောက်သွေ့လွယ်တဲ့အတွက် ဆံသားအာဟာရဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် repair hair mask တွေသုံးပေးတာမျိုး၊ တစ်ပတ်တစ်ခါ ဆံပင်ပေါင်းတင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

အပူချောင်းတွေသုံးတာကိုရှောင်ပါ

အပူချောင်းတွေ ခဏခဏသုံးပြီး ဆံပင်ကိုကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာဟာ ဆံသားပျက်စီးစေပါတယ်။ ဆံသားကျိုးကြေတာမျိုး၊ ဆံပင်နှစ်ခွဖြစ်တာမျိုးတွေ ဖြစ်စေပါတယ်။ အဲ့ဒီအစား ခေါင်းလျှော်ရည်ကိုသာ ကောင်းတာလေး သေချာရွေးသုံးပေးပါ။