အားလုံးပဲမင်္ဂလာပါနော်။ ချစ်သူရှိတဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေအတွက်တော့ ဒီဆောင်းပါးလေးက အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ချစ်ခင်ကြင်နာမှုတွေထက် တစ်ယောက်အပေါ် တစ်ယောက် စိတ်မရှည်မှုတွေ၊ သည်းမခံနိုင်မှုတွေနဲ့ ပိုပြီးအဆင်မပြေဖြစ်လာတတ်ပါတယ်။ ချစ်သူနဲ့အဆင်မပြေရင် စိတ်ဒုက္ခရောက်ရတယ်ဆိုတာကို ရည်းစားထားဖူးသူတိုင်း သိမှာပါ။ စတွဲလာကတည်းကသာ နားလည်မှုနဲ့တည်ဆောက်ထားပြီး တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမယ်ဆိုရင် အဆင်ပြေစေမှာပါ။
ဒီတော့ ချစ်သူနဲ့အမြဲအဆင်ပြေစေဖို့ ရေရှည်တည်တံ့တဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်ဖို့၊ ခိုင်မြဲတဲ့ တွဲလက်တွေနဲ့ရှေ့ဆက်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာပေးဖို့တော့လိုမယ်နော်။
၁။ တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန်လေးစားမှုတွေ
၂။ တစ်ယောက်လိုအပ်တဲ့အခါ တစ်ယောက် အနားမှာရှိနေပေးဖို့
၃။ တစ်ယောက်အားနည်းချက်ကို တစ်ယောက် နားလည်ပေးဖို့
၄။ ချစ်သူရဲ့အမှားကို အလွယ်တကူ မထောက်ပြဖို့
၅။ တခါတလေ ချစ်သူကိုစနောက်ဖို့လိုမယ်။
၆။ တခါတလေ အနားကနေ ကပ်ချွဲဖို့
၇။ ရန်ဖြစ်လိုက်ပါ၊ စိတ်ဆိုးလိုက်ပါ၊ သို့သော် ပြန်အဆင်ပြေအောင်ကြိုးစားပါ။
၈။ ချစ်သူနှစ်ယောက်ဆက်ဆံရေးဆိုတာ ချစ်နေရုံနဲ့မပြီးပါဘူး။
၉။ ပွင့်ပွင့်လင်းလင်းပြောဖို့လိုမယ်။
၁၀။ လက်ဆောင်သေးသေးလေးတွေ ပေးမယ်။
၁၁။ သွားခွင့်ပြုလိုက်ပါ (အချစ်က သင့်ကိုလုံးဝမပျော်ရွှင်စေတော့ဘူး၊ သူနဲ့နေရတာမပျော်တော့ဘူး၊ သူလည်း ကိုယ်နဲ့ရှိရတာမပျော်တော့ဘူးဆိုရင် ဆွဲမထားပါနဲ့၊ ပိုပြီးနာကျင်ရပါတယ်။ လွှတ်ချလိုက်ပါ။)