Mood down နေလို့ဆိုပြီး ညစ်မနေပါနဲ့၊ စိတ်ဓာတ်တွေလည်းကျမနေပါနဲ့။ ဒီအရာတွေကိုသာ လုပ်ကြည့်လိုက်ပါ။ Mood down နေတာ ချက်ချင်းပြန်ပြီး အဆင်ပြေသွားပါလိမ့်မယ်။
သီချင်းနားထောင်လိုက်ပါ
Mood down နေရင် လွယ်ပါတယ်။ ချက်ချင်းသီချင်းနားထောင်လိုက်ပါ။ မြူးကြွပြီး ခွန်အားရစေမယ့် သီချင်းတွေကို နားထောင်လိုက်ပါ။
အမြင်တွေကိုပြောင်းလဲလိုက်ပါ
မကောင်းမြင်နေတာတွေကို အကောင်းမြင်ကြည့်လိုက်ပါ။ အဆင်ပြေသွားမယ်၊ လုပ်နိုင်တယ်၊ အိုကေတယ်လို့ တွေးပြီး အမြင်တွေအတွေးတွေကို ပြောင်းလဲလိုက်ပါ။ ဒါဆိုရင် စိတ်ပြန်ပြီး တက်ကြွလာပါလိမ့်မယ်။
ရယ်မောပါ
ရယ်မောပေးခြင်းက mood down နေတာတွေကို ပြန်လည်မြှင့်တင်ပေးနိုင်ပါတယ်။ စိတ်ညစ်စရာတွေ၊ ပူပန်သောကတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် များများရယ်မောပါ။
ကောင်းမှုကုသိုလ်တွေလုပ်ပါ
Mood down နေရင် ကောင်းမှုကုသိုလ်တွေ လုပ်ကြည့်ပါ။ စိတ်ကြည်လင်ပြီး စိတ်ကို ပြန်လည်မြှင့်တင်ပေးနိုင်မယ်၊ စိတ်အပြောင်းအလဲဖြစ်လာပါမယ်။
တရားထိုင်ပါ
တရားထိုင်ပေးခြင်းက စိတ်ခွန်အားကို မြှင့်တင်ပေးပြီး စိတ်ကြည်လင်စေတဲ့အတွက် mood down နေတာတွေလည်း ချက်ချင်းပျောက်သွားစေပါတယ်။
ပျော်ရွှင်မှုကိုရွေးချယ်ပါ
Mood down နေတာကို ချက်ချင်းပြန်မြှင့်တင်နိုင်ဖို့ဆိုရင် ပျော်ရွှင်မှုရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်အတွက် ပျော်ရွှင်မှုရစေမယ့်အရာတွေကို ရွေးချယ်ပြီး လုပ်ကြည့်ပါ။ ပျော်ရွှင်မှုပေးနိုင်တဲ့သူတွေ အနားမှာပဲနေပါ။
စိတ်ခွန်အားရစေမယ့်စကားတွေကိုနားထောင်ပါ
Mood down နေချိန်မှာ အပြစ်ပြောမယ့်စကားတွေ၊ မကောင်းတဲ့အကြောင်းအရာတွေ လုံးဝနားမထောင်ပါနဲ့။ ကိုယ့်ကို စိတ်ခွန်အားပေးမယ့် စကားတွေကိုပဲ နားထောင်ပါ။ စိတ်ခွန်အားဖြစ်စေမယ့် video တွေ၊ စာအုပ်တွေ၊ စကားစုတွေကိုဖတ်ပါ။ ထိုင်တွေးပြီး ညစ်နေမယ့်အစား ဒါတွေကိုသာ ချက်ချင်းလုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။