မင်္ဂလာပါနော်။ မိမိကိုယ်ကို လူမှုဆက်ဆံရေးညံ့တယ်လို့ ထင်ပါသလား။ ဒီလိုဖြစ်တာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

ကမ္ဘာပေါ်က သန်းပေါင်းများစွာသောလူတွေဟာ ဒီလိုပြဿနာကို ရင်ဆိုင်နေရပါတယ်တဲ့။ ဒီတခါမှာတော့ လူမှုဆက်ဆံရေးကောင်းလာစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ လူတိုင်းက သင့်အကြောင်းတွေးမနေပါဘူး

တခါတလေ လူတွေအားလုံး သင့်ကိုပဲကြည့်နေတယ်။ သင့်ကိုပဲဝေဖန်နေတယ်လို့ခံစားရတတ်ပါတယ်။ ဒါဟာတကယ်တော့ မမှန်ပါဘူး။ လူတိုင်းက သင့်လိုပဲ အလုပ်ရှုပ်နေတာပါ။ သင့်အကြောင်းကိုပဲ အမြဲတမ်းတွေးမနေပါဘူး။

၂။ လူသစ်တွေနဲ့တွေ့ဖို့ ဝန်မလေးပါနဲ့

အိမ်တွင်းပုန်းဘဝကနေ ထွက်လာလိုက်ပါ။ လူသစ်တွေနဲ့ တွေ့ဖို့ဝန်မလေးပါနဲ့။

၃။ လူတွေနဲ့တွေ့တဲ့အခါပြုံးပြပါ

ပြုံးပြ ရယ်ပြပါ။ လူတွေနဲ့တွေ့တဲ့အခါမှာ ပြုံးပြတာဟာ အကောင်းဆုံးပါပဲ။

၄။ လက်ဆွဲနှုတ်ဆက်ပါ

လူသစ်တစ်ယောက်နဲ့တွေ့တဲ့အခါ လက်ဆွဲနှုတ်ဆက်ဖို့ဝန်မလေးပါနဲ့။ ကိုယ်က အဲဒီလိုအလေ့အထမရှိဘူးဆိုရင်လည်း တခြားသူက သင့်ကိုစပြီး လာနှုတ်ဆက်ရင်လည်း မတွန့်ဆုတ်ဘဲ ပြန်နှုတ်ဆက်ပါ။

၅။ စောစောလာပါ

လူတစ်ယောက်နဲ့ချိန်းထားတဲ့အခါ ချိန်းထားတဲ့အချိန်မတိုင်ခင် စောစောထွက်လာပါ။ စောစောလာတာဟာ သင်က တစ်ဖက်သူကို တန်ဖိုးထားတယ်ဆိုတာကိုပြသတာပဲဖြစ်ပါတယ်။

၆။ မျက်လုံးချင်းဆုံပါ

လူတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာ မျက်လုံးချင်းဆုံပြီး စကားပြောပါ။ အကြည့်ချင်းဆုံဖို့ ဝန်မလေးပါနဲ့။

၇။ သေချာနားထောင်ပါ

လူတစ်ယောက်ပြောတာကို နားမထောင်သလို ဟိုကြည့်ဒီကြည့်မလုပ်ဘဲ သူပြောတာကို သေချာနားထောင်ပါ။