အလုပ်ကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးမှုခံစားနေရလား ? ဒါဆိုရင်တော့ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသောလူတွေဟာ နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော စိတ်ရောကိုယ်ပါ ပြေလျော့စေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ဖို့ အကြံတချို့ပေးပါရစေ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ အားလုံးသိကြပေမယ့် အဲဒါက စိတ်ကျန်းမာရေးကိုပါ အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က ပျော်ရွှင်မှုနဲ့ သုခကို ထုတ်ပေးတဲ့ ဟော်မုန်း Endorphin တွေကို ထုတ်လွှတ်ပြီး ဘဝအရည်အသွေးကို ပိုကောင်းစေပါတယ်။ ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုတို့ကို လျှော့ချဖို့ ကူညီပေးပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာစားပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်က အကြောင်းရင်းများစွာအတွက် အရေးကြီးပါတယ်။ မျှတတဲ့အစားအစာတွေက ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ၊ စွမ်းအင်ပိုမိုရရှိဖို့နဲ့ စိတ်ဖိစီးမှုအဆင့်ကို လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ထဲမှာ antioxidant ကြွယ်ဝတဲ့ အစားအစာတွေ အများအပြားပါဝင်တာကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

အိပ်ချိန်လုံလောက်အောင်အိပ်ပါ

ကျန်းမာရေးကောင်းဖို့အတွက် ညဘက်ကောင်းကောင်းအိပ်ရေးဝဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ လုံလောက်တဲ့ အိပ်ချိန်မရတဲ့အခါ ရူးသွပ်သလို ခံစားရပြီး အာရုံစူးစိုက်မှု ခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့် ညတိုင်း လုံလောက်တဲ့ အိပ်ရေးဝအောင် အိပ်ပါ။

အနားယူပါ

အနားယူတာက အချိန်ဖြုန်းတာလို့ ထင်ကောင်းထင်ရပေမယ့် လက်တွေ့မှာတော့ သင့်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ခေတ္တအနားယူတာက ပင်ပန်းနွမ်းနယ်မှုကို တားဆီးပေးနိုပါတယ်။ အချိန်မယူဘဲ အဆက်မပြတ် အလုပ်လုပ်နေပါက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်လာပါလိမ့်မယ်။

တရားထိုင်ပါ

စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ အလွယ်ဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ သင့်အသက်ရှုတာကို အာရုံစိုက်ပါ။ စိတ်ဖိစီးလာရင် အသက်ရှုမြန်လာပြီး စိုးရိမ်စိတ်များပင် ပိုဖြစ်လာနိုင်ပါတယ်။ ရေရှည်စိတ်ဖိစီးမှုက ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်တာကြောင့် စိ်တ်ဖိစီးမှုဟော်မုန်းများကို လျှော့ချဖို့ အရေးကြီးပါတယ်။ သတိပဋ္ဌာန်တရားအားထုတ်တာက တ်ကျန်းမာရေးအခြေအနေများ ခံစားနေရသူများကိုလည်း ကူညီပေးနိုင်ပါတယ်။

သူငယ်ချင်းများနဲ့ဆုံပါ

လူမှုဆက်ဆံရေးရှိတဲ့သူတွေက ပိုပျော်ရွှင်၊ ကျန်းမာပြီး အသက်ပိုရှည်တယ်လို့ ဆိုကြပါတယ်။ ချစ်ခင်ရသူတွေ၊ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ စိုးရိမ်မှုတွေ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေအကြောင်း ပြောဆိုနိုင်တဲ့ လူတွေရှိရတာ ကောင်းပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေမယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်ဆိုရင် သင့်ချစ်ရသူနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို ဆက်သွယ်လိုက်ပါ။

အချိန်ကိုသေချာစီမံခန့်ခွဲပါ

အချိန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲတာက ကြီးမားတဲ့စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ အချိန်ဇယားကို သေချာစီမံနိုင်တာက စိတ်ဖိစီးမှုပမာဏကို လျှော့ချရာမှာ သိသာထင်ရှားတဲ့တိုးတက်မှုကို ရရှိနိုင်ပါတယ်။ သင်လုပ်နိုင်တဲ့ အရေးကြီးဆုံးအရာတွေထဲက တစ်ခုကတော့ မဟုတ်ဘူးလို့ပြောဖို့ သင်ယူပါ။ သင်လုပ်နိုင်တာထက် ပိုလုပ်ပြတာဟာ သင့်စိတ်ဖိစီးမှုအဆင့်ကို တိုးလာစေမှာပါ။