စိတ်ဖိစီးမှုတွေရှိနေရင် ဘယ်လိုနေနေ စိတ်တွေလည်း ရှုပ်ထွေးနေတတ်ပါတယ်။ ပြီးရင် စိတ်တွေတိုပြီး ဒေါသထွက်လာပါလိမ့်မယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေနဲ့ စိတ်ရှုပ်ထွေးနေတာတွေ အားလုံးပြေပျောက်သွားစေဖို့ ကူညီပေးနိုင်မယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

တရားထိုင်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

စိတ်ဖိစီးနေတာတွေ သက်သာပြီး၊ စိတ်ရှုပ်ထွေးနေတာတွေ ပြေပျောက်သွားပြီး စိတ်တည်ငြိမ်လာဖို့အတွက် တရားထိုင်တာပဲဖြစ်ဖြစ်၊ အသက်ရှူလေ့ကျင့်ခန်းပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ ဒါက လုပ်ရတာအလွယ်ကူဆုံးနဲ့ ချက်ချင်းသက်သာစေမယ့် နည်းလမ်းပါပဲ။

ပျော်ရွှင်စေတဲ့အကြောင်းကိုစဉ်းစားပါ

စိတ်ဖိစီးမှုတွေနဲ့ စိတ်တွေရှုပ်ထွေးနေချိန်မှာ အဆင်မပြေတာတွေကိုစဉ်းစားနေရင် ပိုဆိုးသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့်အရာ၊ စိတ်ပျော်ရွှင်စေတဲ့ အကြောင်းတွေကိုသာ စဉ်းစားလိုက်ပါ။ နည်းနည်းတော့ စိတ်သက်သာရာရသွားပါလိမ့်မယ်။

အရသာရှိတာတွေစားပါ

လူတစ်ယောက်က အရသာရှိတာတွေစားလိုက်ရရင် စိတ်ကျေနပ်ပြီး စိတ်ပျော်ရွှင်ရပါတယ်။ ဒါကြောင့် စားချင်တာတွေ၊ အရသာရှိတာတွေကိုသာ စားပစ်လိုက်ပါ။

ခွန်အားသုံးရတဲ့အရာတွေလုပ်ပါ

ခွန်အားသုံးပြီး ချွေးထွက်အောင်လုပ်ရတဲ့အရာတွေ ဥပမာ – ချွေးတွေအများကြီးထွက်အောင် ပြေးတာမျိုး၊ ဒိုက်ထိုးတာမျိုး၊ ကြိုးခုန်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ ဒီလိုအရာတွေကို လုပ်ပေးခြင်းကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်ထွေးနေတာတွေ အားလုံးပြေပျောက်သွားစေပါတယ်။

လှပတဲ့နေရာတစ်ခုခုကိုသွားပါ

အချိန်ရရင် ခရီးထွက်တာပဲဖြစ်ဖြစ်၊ နေ့ချင်းပြန် အပန်းဖြေနေရာ သွားတာမျိုးပဲဖြစ်ဖြစ်၊ လှပတဲ့နေရာတစ်ခုခုကို သွားပြီးတော့ စိတ်အပန်းဖြေလိုက်ပါ။ ဒါဆိုရင်တော့ စိတ်ရှုပ်ထွေးနေတာတွေ ယူပစ်လိုက်သလိုပျောက်သွားပြီး စိတ်ဖိစီးနေတာလည်း သက်သာသွားပါလိမ့်မယ်။ စိတ်ကို Relax ဖြစ်စေပါတယ်။