ဆံသား ခြောက်တာ၊ ဆံသား ကျိုးလွယ်တာက ပျိုမေတိုင်း ဖြစ်တတ်ပါတယ်။ ဆံပင် ဆိုးဆေး ခဏခဏ ထိတွေ့တဲ့အခါ၊ အပူ ခဏခဏ ထိတဲ့အခါ ဆံသားက ခြောက်လာတတ်ပါတယ်။ ဆံသား ခြောက်တဲ့အခါ ဆံပင်ပုံစံက အသက်မဝင်တော့ပါဘူး။ တကယ်လို့ သင်က သင့်ဆံသားကို ပြန်လည် စိုပြေချင်တယ်ဆိုရင်တော့ ဒီအကြံပြုချက်တွေကို လိုက်နာသင့်ပါတယ်။

၁။ ပိုးသား ခေါင်းအုံးစွပ်

ပိုးသားခေါင်းအုံးနဲ့ အိပ်တာက သင့်ဆံပင်ကို နူးညံ့စေပြီး လိုအပ်တဲ့ အာဟာရ တွေကို ဦးရေပြားက အပြည့်အဝ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

၂။ ဆံပင် အထုံးတွေ အတွက်

Photo Source: HairBrushy

ဆံပင်ထုံးနေတဲ့ နေရာကို ဖြည်ချဖို့ ပုံထဲက ခေါင်းဖြီးပုံစံမျိုးကို အသုံးပြုသင့်ပါတယ်။ ဆံသားထဲ အဆီကို ပိုဝင်စေပြီး ဆံပင်ကို ပိုတောက်ပစေပါတယ်။

၃။ Hair Oil

ဆံသားက ဒီအတိုင်း နေရင်းတော့ အစိုဓာတ် ရတဲ့ ပုံစံ မရပါဘူး။ ဆံသားကို ရေဓာတ်ပြည့်ဝတဲ့ ပုံစံမျိုး ရအောင် Hair Oil သုံးပေးသင့်ပါတယ်။

၄။ နေ့တိုင်း ခေါင်းမလျှော်ပါနဲ့

နေ့တိုင်း ခေါင်းလျှော်တာက ဦးရေပြားထဲက အဆီဓာတ်ကို ဆုံးရှုံးစေပြီး ဆံသား ခြောက်သွေ့စေပါတယ်။

၅။ ပုံမှန် ဆံပင် အဖျားတိပေးပါ

Photo Source: Salon Invi

ဆံပင် အောက်ပိုင်းလေးတွေပဲ ခြောက်သွေ့တတ်တဲ့သူ ဆိုရင် မဖြစ်မနေ ဆံပင် တိပေးသင့်ပါတယ်။ ခြောက်သွေ့တဲ့ ဆံသား အနည်းငယ်က သင့် ဆံပင်တစ်ခုလုံးကို ခြောက်သွေ့တယ်လို့ ထင်ရစေပါတယ်။

၆။ Omega 3s သောက်ပေးပါ

ဆံပင်အတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုး ဖြစ်တဲ့ Omega 3 Fatty Acid ကို သောက်သင့်ပါတယ်။

၇။ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရ

ပြင်ပ ထိန်းသိမ်းမှုအပြင် ဆံသားအတွက် အာဟာရ ကို အစားအသောက်ကနေလည်း ရယူသင့်ပါတယ်။ ဆံပင်အတွက် လိုအပ်တဲ့ ဗီတာမင် ဓာတ်တွေကို ဆေးအနေနဲ့ သောက်တာ ၊ ဒါမှမဟုတ် ဆံပင်အားဖြည့် အစားအသောက်တွေကို ပိုစားသင့်ပါတယ်။

၈။ အပူ ထိတာကို ရှောင်ပါ

ဆံပင်ကို စိုပြေစေချင်ရင် အပူ ခဏခဏ ထိတာ ရှောင်သင့်ပါတယ်။ ဆံပင် ခဏခဏ ဆိုးတာကိုလည်း သတိထားသင့်ပါတယ်။

၉။ နေရောင်ခြည်ကနေ ကာကွယ်ပါ

ဆံပင်ကို မစိုဘဲ ခြောက်သွေ့စေတဲ့ ရန်သူက နေရောင်ခြည်ပါပဲ။ အပြင် ထွက်မယ်ဆိုရင် နေရောင်ကာဖို့ သတိထားပြီး ဂရုစိုက်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar