မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် လက်လေးတွေက လက်ဖဝါးလေးတွေကြမ်းနေပြီဆိုရင်တော့ နူးနူးညံ့ညံ့လေး ဖြစ်သွားအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေက အများကြီးရှိပါတယ်။ ဒီနည်းလမ်းတွေအများကြီးထဲကမှ အိမ်တိုင်းမှာရှိတဲ့အရာလေးတွေနဲ့ လုပ်လို့ရမယ့် နည်းလမ်းလေးနှစ်ခုကို ရွေးချယ်ပြီးမျှဝေပေးလိုက်ပါတယ်။
သံပုယိုသီးနဲ့ သကြား
Source: www.food.ndtv.com
ကြမ်းတမ်းနေတဲ့လက်ဖဝါးလေးတွေကို နူးညံ့လာစေဖို့အတွက် သံပုယိုသီးနဲ့သကြားရှိရင် အဆင်ပြေပါပြီ။ လုပ်ရမယ့်ပုံစံလေးကတော့ သံပုယိုသီးတွေကိုပါးပါးလှီးပြီး အပေါ်မှာ သကြားနည်းနည်းစီ ဖြူးလိုက်ပါ။
ပြီးရင်တော့ သကြားဖြူးထားတဲ့သံပုယိုသီးကို အရည်တွေရအောင် လက်ထဲညှစ်ချလိုက်ပါ။ အရည်များများရရင်ပိုကောင်းပါတယ်။ လက်ထဲကိုသံပုယိုသီးအရည်တွေညှစ်ချပြီး လက်နှစ်ဖက်ကို နှံ့နေအောင် သေချာလေးပွတ်ပေးပါ။
ဒီနည်းလမ်းလေးကတော့ သင့်ရဲ့ကြမ်းတမ်းနေတဲ့လက်လေးတွေကို အမြန်ဆုံးနူးညံ့လာအောင်လုပ်ပေးနိုင်တဲ့ အိမ်တွင်းဖြစ်ကုထုံးလေးပါ။
သံလွင်ဆီနဲ့ သကြား
Source: lashesmakeoverstudio.com
နောက်တစ်မျိုးအနေနဲ့ သင့်ရဲ့ ကြမ်းတမ်းနေတဲ့လက်တွေ နူးညံ့လာစေဖို့ သံလွင်ဆီနဲ့ သကြားက အထောက်အကူပြုပါတယ်။ သံလွင်ဆီဆိုတာက အရေပြားအတွက် အရမ်းကောင်းတဲ့သဘာ၀ Moisturizer တစ်ခုပါ။
လုပ်ရမယ့်ပုံစံလေးကတော့ သံလွင်ဆီ – လက်ဖက်ရည်ဇွန်တစ်ဇွန်းနဲ့ သကြား – လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို လက်ဖဝါးထဲထည့်ပြီး လက်ချောင်းလေးနဲ့ပဲ သမအောင်မွှေလိုက်ပါ။ ပြီးတာနဲ့ လက်ဖဝါးနှစ်ခုကိုပွတ်ပြီး အရေပြားထဲထိစိမ့်ဝင်သွားအောင် မိနစ်အနည်းငယ်လောက် ပွတ်လိမ်းပေးနေပါ။ ခဏနေရင်တော့ ရေနဲ့ညှင်သာစွာဆေးချလိုက်လို့ရပါပြီ။ ဒီလိုလေးပုံမှန်လုပ်ပေးခြင်းက ကြမ်းတမ်းနေတဲ့လက်ဖဝါးလေးတွေကို နူးညံ့လာစေပါတယ်။
ဒီနည်းလမ်းနှစ်ခုထဲက ကိုယ်နဲ့ပိုအဆင်ပြေတာလေးကို ရွေးလုပ်လို့ရတာပေါ့။