ဝက်ခြံခဏခဏထွက်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် ဝက်ခြံတွေကို ချက်ချင်းသက်သာသွားအောင် လုပ်ပေးနိုင်မယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

Tea Tree Oil

Tea Tree Oil ကို ဝက်ခြံပေါ် နည်းနည်းလောက်တို့ပြီး လိမ်းထားပေးပါ။ မိနစ် ၃၀ လောက်ထားြံပီးရင် မျက်နှာသစ်လိုက်ပါ။ mild ဖြစ်တဲ့ cleanser နဲ့ မျက်နှာသစ်ပေးပါ။ ဝက်ခြံတွေ ချက်ချင်းချပ်သွားပါလိမ့်မယ်။

Ice Pack

သန့်ရှင်းတဲ့အဝတ်ထဲကို ရေခဲတုံးထည့်ပြီး ဝက်ခြံပေါ်တင်ထားပေးပါ။ စက္ကန့် ၃၀ လောက်တင်ထားပေးရင် ရပါပြီ။ တစ်နေ့ ၂ ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့ ဝက်ခြံတွေ ချက်ချင်းသက်သာသွားစေပါတယ်။

ပျားရည်

ပျားရည်စစ်စစ် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ Cinnamon Powder – စားပွဲတင်ဇွန်းတစ်ဝက်တို့ကို ထူထူပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ ပြီးရင်တော့ အဲ့တာကို ဝက်ခြံပေါ်တိုက်ရိုက်တင်ပြီး လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးရင်တော့ ရေခဲရေနဲ့မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပေးရပါမယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဂျယ်လ်ကို ရေခဲသေတ္တာထဲ တစ်နာရီထည့်ထားပါ။ အချိန်ပြည့်ရင် ရေခဲသေတ္တာထဲကထုတ်ပြီး ဝက်ခြံပေါ်ကို လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်နေ့ ၃ ကြိမ် လုပ်ပေးရပါမယ်။

Apple Cider Vinegar

Apple Cider Vinegar – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ – စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ရောမွှေပြီး ဂွမ်းလုံးနဲ့ယူကာ ဝက်ခြံပေါ်ကိုတို့လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးရင် ရေခဲရေနဲ့ မျက်နှာသစ်ပေးပြီး skincare ပြန်လိမ်းထားပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပါ။ ပြီးရင်တော့ အဲ့တာကို ဝက်ခြံပေါ်တိုက်ရိုက်လိမ်းပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေခဲရေနဲ့မျက်နှာသစ်ပြီး skincare ပြန်လိမ်းပေးပါ။