အထူးသဖြင့် ဆံပင်ရှည်တဲ့ မိန်းကလေးတွေဆီမှာ အဖြစ်များတာကတော့ ဆံပင်ရှုပ်ထွေးတာပါပဲ။ ဆံပင်ရှုပ်ထွေးတာက ဘယ်လောက်ပဲ သေချာရှင်းရှင်း ဆံပင်တွေကျွတ်ပါလာတာပါပဲ။ ကြာလာတော့ ဆံပင်တွေကျွတ်ပြီး ဆံပင်ပါးလာမယ်၊ ဆံသားပျက်စီးလာမယ်၊ ထိပ်ကွက်တာမျိုးတွေ ဖြစ်လာပါမယ်။ ဒါကြောင့် ဆံပင်တွေ အမြဲတမ်းရှုပ်ထွေးနေတဲ့ ပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အပိုင်းခွဲပြီးဖြီးပေးပါ

ဆံပင်တွေရှုပ်ထွေးနေရင်၊ ဆံပင်ရှုပ်တာ၊ ငြိတာမျိုး ဖြစ်တတ်ရင် ဆံပင်ကို အပိုင်းခွဲပြီး နည်းနည်းချင်းစီယူဖြီးပေးပါ။ ဒီလိုအပိုင်းလေးတွေခွဲပြီး ဖြေးဖြေးချင်းရှင်းပြီး ဖြီးပေးတာက ဦးရေပြားနဲ့ ဆံသားနာကျင်တာကို သက်သာစေပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်တာ၊ ရှုပ်ထွေးနေတာတွေကိုလည်း သက်သာစေပြီး ဆံသားရှုပ်ထွေးနေတာကိုလည်း မြန်မြန်ရှင်းနိုင်ပါတယ်။

ဆံပင်အောက်ဖျားကနေအပေါ်ကိုဖြီးပါ

တော်တော်များများက ဆံပင်ကို အရင်းကနေ အဖျားကို ဖြီးကြပါတယ်။ ဆံပင်တွေရှုပ်ထွေးနေရင်တော့ ဒီလို အရင်းကနေအဖျားကိုဖြီးတာက ဆံသားပိုနာစေပါတယ်။ ဆံပင်လည်း ပိုကျွတ်ပါတယ်။ ဒါကြောင့် ဆံပင်အောက်ဖျားကနေ စရှင်းပြီး ဖြေးဖြေးချင်းစီ အပေါ်ကိုတက်ပြီး ဖြီးသွားပါ။

Massage လုပ်ပေးပါ

ခေါင်းလျှော်တဲ့အခါမှာ shampoo သုံးနေချိန် ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ massage လုပ်ကာ နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာကလည်း ဆံသားရှုပ်ထွေးတာကို သက်သာစေပါတယ်။ Shampoo သုံးတဲ့အခါမှာလည်း sulfate-free shampoo တွေကို သုံးပေးပါ။

ဆံပင်ကိုညှင်သာစွာသုတ်ပြီးအခြောက်ခံပါ

ခေါင်းလျှော်ပြီးရင် ဆံပင်ကို towel နဲ့ ပတ်ထားတာမျိုးက ဆံသားပျက်စီးစေပါတယ်။ Dryer သုံးရင်လည်း ဆံသားခြောက်ပြီးဖွာစေပါတယ်။ ဆံသားပျက်စီး ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် ဆံပင်ကို towel နဲ့ ညှင်သာစွာသုတ်ပြီး သဘာဝလေနဲ့ပဲ အခြောက်ခံပေးပါ။

ဆံပင်ရေစိုနေချိန်ခေါင်းမဖြီးပါနဲ့

ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးရင် ဆံပင်တွေရှုပ်ထွေးပြီး ရှင်းရခက်ပါတယ်။ ဆံပင်တွေလည်း အထွေးလိုက်ကို ကျွတ်စေပါတယ်။ ဒါကြောင့် ဆံပင်ရေခြောက်သွားမှသာ အပေါ်မှာပြောခဲ့တဲ့နည်းတွေအတိုင်း ဖြီးပေးပါ။

ဆံပင်အဆီအမြဲလိမ်းပေးပါ

ဆံပင်ကို moisturizer လည်းမလိမ်းဘူး၊ အဆီလည်းမလိမ်းဘူးဆိုရင် ဆံသားရှုပ်ထွေးတာက အမြဲဖြစ်နေမှာပါ။ ဒါကြောင့် ဆံပင်ကို အမြဲတမ်း hair oil တစ်ခုခု လိမ်းပေးရပါမယ်။

Silk pillowcase သုံးပါ

Polyester အသားနဲ့လုပ်ထားတဲ့ ခေါင်းအုံးစွပ်တွေ၊ ရိုးရိုး cotton အသားတွေနဲ့လုပ်ထားတဲ့ ခေါင်းအုံးစွပ်တွေနဲ့အိပ်ရင် ဆံသားခြောက်ပြီး ရှုပ်ထွေးတာမျိုး၊ ဆံပင်ကျွတ်တာမျိုးတွေ ဖြစ်စေပါတယ်။ Silk pillowcase တွေနဲ့အိပ်ရင်တော့ ဆံသားရှုပ်ထွေးတာ သက်သာစေလို့ ဆံပင်ကျွတ်တာလည်း သက်သာစေပါတယ်။

source:www.brightside.me