မင်္ဂလာပါနော်။ ဝိတ်ချတာရဲ့ နောက်ဆက်တွဲဖြစ်နိုင်ချေရှိတဲ့ဆိုးကျိုးတစ်ခုကတော့ အသားအရေလျော့တွဲတွဲဖြစ်တာပါပဲ။ လေ့ကျင့်ခန်းပုံမှန်မလုပ်ဘဲ အစားအသောက်နဲ့ထိန်းပြီး ဝိတ်ချတတ်တဲ့ သူတွေမှာဆို ပိုပြီးဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ကိုယ့်အသားအရေက ပျော့တွဲတွဲနဲ့ တင်းရင်းမှုမရှိတော့သလို ခံစားရတယ်ဆိုရင် ဒီဆောင်းပါးမှာပါတဲ့နည်းတွေကို လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီတစ်ခေါက်မှာ ဝိတ်ကျသွားလို့ အသားလျော့တွဲလာတဲ့သူတွေ ပြန်လည်တင်းရင်းလာအောင် ထိန်းသိမ်းနိုင်မယ့်နည်းတွေကို ဖော်ပြပေးသွားမှာပါ။

အလေးမ လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးပါ


အလေးတုံး မ ပေးရတဲ့လေ့ကျင့်ခန်းတွေက ကြွက်သားအားပြုပြီးလုပ်ဖို့လိုတာမို့ ခန္ဓာကိုယ်ပြန်ကျစ်လျစ်လာဖို့ အထိရောက်ဆုံးနည်းတစ်ခုပါပဲ။ ကြွက်သားသန်မာဖို့လေ့ကျင့်ပေးတဲ့အခါ ကြွက်သားတက်ပြီး အသားအရေ တင်းတင်းရင်းရင်းဖြစ်လာမှာပါ။

အသားအရေတင်းရင်းစေတဲ့ Lotion တစ်မျိုးလိမ်းပါ


အသားအရေတင်းရင်းစေဖို့ အဓိကထုတ်ထားတဲ့ Lotion တွေလိမ်းပေးနိုင်ပါတယ်နော်။ အချို့ Lotion Cream တွေက အရေပြားတွင်း ကော်လဂျင်ပမာဏများစေတာမို့ အသားအရေအစိုဓာတ်ရပြီး တင်းရင်းလာအောင် အားဖြည့်ပေးမှာပါ။ ဒါပေမယ့် သိသာတဲ့ရလဒ်ရဖို့အတွက်တော့ စိတ်ရှည်ရှည်နဲ့ ပုံမှန်လိမ်းတာမျိုး ပြုလုပ်ပေးပါနော်။ အသားအရေထိခိုက်နိုင်တဲ့ Chemical တွေ မပါတာမျိုး ရွေးတတ်ဖို့တော့လိုပါတယ်။

Alcohol နဲ့ နီကိုတင်း မသောက်မိဖို့လိုပါတယ်


Alcohol သောက်တာနဲ့ နီကိုတင်းပါတဲ့ ဆေးလိပ်သောက်တာတွေက ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော အသားအရေအပြင်ပန်းပုံစံကိုပါ ထိခိုက်နိုင်တာမို့ ဝိတ်ချထားတဲ့အချိန်မှာ ရှောင်ပေးတာအကောင်းဆုံးပါပဲ။ ဒါကသင့်ကို ကျန်းမာရေးကောင်းစေတဲ့အပြင် အသားအရေက သဘာဝအတိုင်း တင်းရင်းနေဖို့ပါ ထောက်ပံ့ပေးပါလိမ့်မယ်။

တရုတ်နံနံဖျော်သောက်ပါ


ဆေးဖက်ဝင်အစိမ်းရောင်ဖျော်ရည်တစ်မျိုးလို့ပြောလို့ရတဲ့ တရုတ်နံနံကို ဖျော်သောက်ပေးတာကလည်း အရေပြားကို အစိုဓာတ်ပေးပြီး ခန္ဓာကိုယ်ထဲက ပရိုတင်းဓာတ်တွေမဆုံးရှုံးအောင် ထိန်းပေးတာမို့ ဝိတ်ကျပြီးတဲ့နောက်မှာလည်း အသားတွေလျော့တွဲလာတာမျိုး မဖြစ်စေဖို့ ထိန်းသိမ်းပေးမှာပါ။ မနက်ပိုင်း မနက်စာမစားခင် တရုတ်နံနံ တစ်ခွက်စာကို Juice ပုံစံဖျော်ပြီး သောက်ချလိုက်ရုံပါပဲ။ .

Photo Source: Pinterest

By MyStyle Myanmar