မင်္ဂလာပါနော်။ မျက်နှာမှာချွေးပေါက်တွေကျယ်ပြီး သိသိသာသာမြင်နေရတဲ့သူတွေအတွက် အမြန်ဆုံး သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင်လွယ်လွယ်ကူကူ လုပ်နိုင်တဲ့အပြင် အရေပြားကျွမ်းကျင်သူတွေကိုယ်တိုင်အကြံပြုထားတဲ့ ထိန်းသိမ်းနည်းတွေဖြစ်တာမို့ ချွေးပေါက်ကျယ် အသုံးတည့်စေမှာပါ။

အရေးကြီးတဲ့ Skincare အဆင့်တွေပုံမှန်လုပ်ပေးပါ


ချွေးပေါက်တွေသန့်စင်ဖို့ Skincare ပုံမှန်လုပ်ပေးရပါမယ်။ Cleansing လုပ်တဲ့အဆင့် Toner ၊ Moisturizer နဲ့ Suncreen လိမ်းပေးတဲ့အဆင့်တွေက အရေးအကြီးဆုံးပါပဲ။ ဒီအဆင့်တွေပုံမှန်လုပ်ပေးမှ ချွေးပေါက်ပြန်ကျဉ်းပြီး အသားအရေတင်းတင်းရင်းရင်းလေးဖြစ်စေမှာပါ။

Clay ဒါမှမဟုတ် Charcoal Mask တွေ တစ်ပတ်တစ်ခါလောက်ကပ်ပေးပါ


Clay နဲ့ Charcoal Mask က ချွေးပေါက်ထဲက အဆီနဲ့အညစ်အကြေးတွေကို ထိထိရောက်ရောက် သန့်စင်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ ချွေးပေါက်တွေကျယ်လာပြီဆို ကိုယ့်အသားအရေ Type နဲ့အဆင်ပြေမယ့် Clay ဒါမှမဟုတ် Charcoal ပါတဲ့ Sheet Mask တစ်မျိုးဝယ်ပြီး တစ်ပတ်တစ်ခါလောက် ကပ်ပေးလိုက်ပါ။

DIY အနေနဲ့ ခရမ်းချဉ်သီး (သို့) ကြက်ဥအကာတို့ကိုသုံးနိုင်ပါတယ်


ချွေးပေါက်အတွက် အသုံးအတည့်ဆုံး သဘာဝပစ္စည်းတွေကတော့ ခရမ်းချဉ်သီး၊ ကြက်ဥတို့ပါပဲ။ အသုံးပြုနိုင်တဲ့နည်းကတော့ ခရမ်းချဉ်သီးစိတ်ကို မျက်နှာမှာပွတ်ပြီး အရည်စိမ့်ဝင်တဲ့အထိ ၁၅ မိနစ်လောက်ထားကာ ရေနဲ့ဆေးချပေးရမှာပါ။ ကြက်ဥအကာကိုတော့ အမြုပ်အနည်းငယ်ထွက်တဲ့အထိ ခေါက်ပြီး ချွေးပေါက်ကျယ်နေတဲ့နေရာပေါ်လိမ်းကာ ၁၀ မိနစ်လောက်ထားပြီး ရေနွေးနွေးနဲ့ဆေးပေးရမှာဖြစ်ပါတယ်။ ကြိုက်တဲ့နည်းကိုအသုံးပြုနိုင်ပြီး မျက်နှာပေါ်က အဆီတွေစုပ်ယူကာ ချွေးပေါက်နဲ့ ဆားဝက်ခြံတွေကိုပါ သက်သာစေပါလိမ့်မယ်။

Exfoliate လုပ်ပြီး ဆဲလ်သေတွေဖယ်ရှားပါ


ဆဲလ်သေတွေပုံမှန်ဖယ်ရှားပေးတာက ချွေးပေါက်တွေကိုပါ သန့်စင်ပေးသလိုဖြစ်တာမို့ ချွေးပေါက်မကျယ်အောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ဒါ့အပြင် အသားအရေလေးတင်းရင်းပြီး နုပျိုစေတာမို့ တစ်ပတ်တစ်ခါလောက် Exfoliate ပုံမှန်လုပ်ပေးဖို့ မမေ့သင့်ပါဘူး။

ချွေးပေါက်ပိတ်စေတဲ့ မိတ်ကပ်နဲ့ Skincare ပစ္စည်းတွေမသုံးမိအောင်ရှောင်ပါ


ချွေးပေါက်တွေပိတ်နေတဲ့အခါ ချွေးပေါက်ကျယ်တာပိုမြင်ရတာမို့ မျက်နှာမှာလိမ်းတဲ့ပစ္စည်းတွေကို သတိထားပြီးသုံးပေးပါ။ ရေဓာတ်ပါ၀၀်မှုများပြီး Oil-Free နဲ့ Light Weight ဖြစ်တဲ့ ထုတ်ကုန်တွေရွေးချယ်ပေးဖို့ လိုပါတယ်။

မအိပ်ခင် မိတ်ကပ်တွေပြောင်အောင် သန့်စင်ပါ


အိပ်ခါနီးမှာ မိတ်ကပ်အကျန်တွေမရှိရအောင် သေချာသန့်စင်ပေးဖို့လည်းမမေ့ပါနဲ့။ မိတ်ကပ်နဲ့အညစ်အကြေးတွေ မစင်သေးဘဲ အိပ်မိတဲ့အခါ ချွေးပေါက်ပိတ်ရာကတစ်ဆင့် ဝက်ခြံပါထွက်ပြီး အသားအရေပျက်စီးသွားတတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar