မီးဖိုချောင်ထဲမှာရှိတဲ့အစားအစာတွေကလည်း အလှအပအတွက် သုံးတတ်ရင် တကယ့်ကိုအသုံးဝင်တဲ့ အဖိုးတန်ပစ္စည်းလေးတွေပါပဲ့နော်။ ဒီနေ့မှာတော့ အချိန်၁၀မိနစ်လောက်ပေးရုံနဲ့ နှင်းဆီပွင့်ဖတ်လို ပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းသားလှလှလေးတစ်စုံပိုင်ဆိုင်စေမယ့် သဘာဝလျှို့ဝှက်ချက်လေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ အရမ်းလွယ်ကူတဲ့ နည်းလမ်းလေးမို့လို့ အလှအပကြိုက်တဲ့ပျိုမေတိုင်း လုပ်ကြည့်ကြည့်ပါနော်။

လိုအပ်တာတွေကတော့

– သံပုရာသီး တစ်လုံး

– သကြား တစ်ဇွန်း

ပြုလုပ်ပုံ

– လတ်ဆတ်တဲ့ သံပုရာသီးကို အရည်ညှစ်ပြီး ထားပါ။

– အရည်ထဲကို သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပါ။

– သမအောင် မွှေပါ ဒါပေမယ့် သကြားတွေ ပျော်သွားတဲ့ အထိ မမွှေပါနဲ့။

မွှေထားတဲ့ သကြားသံပုရာကို နှုတ်ခမ်းသားပေါ် ညင်သာစွာ လိမ်းပေးပါ။ ဖြည်းဖြည်းချင်း ပွတ်ပေးပါ။

ခဏကြာတဲ့အခါ နှုတ်ခမ်းသားပေါ်က ဆဲလ်အသေတွေ ခွာကျလာပါလိမ့်မယ်။ ပြီးရင်တော့ ရေခပ်နွေးနွေးနဲ့ ဆေးလိုက်ပါ။

၅-၆ ရက် ဆက်တိုက် လုပ်ပေးမယ်ဆိုရင်တော့ ပန်းရောင်သန်းပြီး ရွှန်းလဲ့တဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်ပါပြီ။