မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. ကိုရီးယားအလှတရားရဲ့ လွှမ်းမိုးမှုဖြစ်တဲ့ ဖန်ခွက်လို အစက်အပြောက်ကင်းစင်တဲ့ အသားအရေကို မပိုင်ဆိုင်ချင်တဲ့သူဆိုတာ ရှိမယ်မထင်ပါဘူးနော်။ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ လိုချင်ကြမယ်ဆိုတာ သေချာပါတယ်။

ကြည့်ကောင်းပြီး ကျန်းမာတောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီအချက်လေးတွေကို အိမ်မှာအမြဲလုပ်ပေးပါ။

Sugar Scrub

Sugar Scrub ကို သကြား စားပွဲတင်ဇွန်း တစ်ဝက်လောက်ကို အုန်းဆီနဲ့ ရောမွှေပြီး Sugar Scrub အနေနဲ့သုံးပေးပါ။ သကြား Scrub က အရေပြားကို ချေးချွတ်ဖို့ အကောင်းဆုံး သဘာဝနည်းလမ်းပါ။ 10 မိနစ် လောက်နှိပ်နှယ်ပေးရုံနဲ့တင် ဆဲလ်သေတွေကို ပြန်လည်ဖြည့်တင်းဖို့ ကူညီပေးတဲ့အပြင် အရေပြားသွေးလှည့်ပတ်မှုကိုလည်း ကူညီပေးပါတယ်။

Fermented Rice Water

အသားအရေကို ကြည်လင်တောက်ပစေမယ့် နောက်ထပ်ထိရောက်တဲ့နည်းလမ်းကတော့ ဆန်ဆေးရေပါ။ ဆန်ဆေးရေက ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးတာတွေကို ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။ Fermented Rice Water လုပ်ဖို့ ဆန်ကိုဆူအောင်တည်ပြီး ရေကိုသိမ်းထားပါ။ အချဉ်ဖောက်ဖို့ ရေကို ၂ ရက်ကနေ ၃ ရက်လောက် ထားပါ။ အချဉ်ဖောက်ပြီးသွားရင်တော့ အသုံးပြုလို့ရပါပြီ။

Honey

ပျားရည်ကို တစ်နေ့ နှစ်ကြိမ် ပုံမှန်လိမ်းပြီး ရေအေးနဲ့ ဆေးကြောပေးပါ။ ပျားရည်မှာ အရေပြားအစိုဓာတ်ကို ထိန်းထားရုံသာမက အသားအရေကို ကြာရှည်တောက်ပစေတဲ့ Antioxidant အပါအဝင် ကောင်းမွန်တဲ့ဂုဏ်သတ္တိတွေရှိပါတယ်။

Vitamin C and E Serum

ခန္ဓာကိုယ်က ဗီတာမင်ဓာတ်လိုအပ်သလို အရေပြားကလည်း ဗီတာမင်ဓာတ်လိုအပ်ပါတယ်။ လိုအပ်တဲ့ဗီတာမင်ကို ဆေးတောင်အနေနဲ့သောက်သုံးနိုင်သလို အရေပြားကို Serum တိုက်ရိုက်လိမ်းနိုင်ပါတယ်။ မနက်တိုင်း Serum လိမ်းပေးရင် အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်းကင်းကာ ပိုမိုတောက်ပလာစေပါတယ်။