နူးညံ့စိုပြေတဲ့ အသားအရေ တစ်ကိုယ်လုံးစာ ပိုင်ဆ်ိုင်ဖို့ ဆိုရင် သေချာ အချိန်ယူ ထိန်းသိမ်းမှ ရမှာပါ။ မျက်နှာတစ်တစ်ခုတည်းတောင် လှအောင် သေချာ ဂရုစိုက်ရတာကြောင့် တစ်ကိုယ်လုံးစာ အသားအရေ လှတဲ့ ပျိုမေတို့ကတော့ ကံကောင်းခြင်း ဆုလာဒ်ကို ပိုင်ဆိုင်ထားတာပါ။ သင်က ဒီကံကောင်ခြင်း ဆုလာဒ်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အသားအရေ လှတာရဲ့ ကောင်းကျိုးတွေကတော့ ကိုယ်ဝတ်ချင်တာကို ယုံယုံကြည်ကြည် ဝတ်နိုင်တာ၊ အရင်ထက် ဆွဲဆောင်မှု ပိုရှိလာပြီး ပိုတောက်ပလာတာတို့ ဖြစ်ပါတယ်။

ဒီတော့ ဘယ်လိုနည်းလမ်းတွေက တစ်ကိုယ်လုံးစာ အသားအရေ လှစေမလဲ ကြည့်လိုက်ရအောင်နော်-

၁။ ရေများများသောက်ပေးပါ

ရေများများ သောက်ပေးတာက တစ်ကိုယ်လုံးစာ အသားအရေကို စိုပြေစေပါတယ်။ ပျိုမေအများစုက ရေသောက်ရမယ်လို့ သိထားပေမယ့် ရေသောက်ဖို့ မေ့နေတတ်ပါတယ်။ ရေထဲမှာ သံပရာရည်၊ သံပယိုရည် ထည့်သောက်တာ၊ Detox Water သောက်ပေးတာ စတာတွေကို ပြုလုပ်နိုင်ပါတယ်။

၂။ Sunscreen သုံးပေးပါ

အသားအလွယ်တကူ ပျက်စီးလွယ်ပြီး ညိုလွယ်တာက နေရောင်ခြည် အထိများလို့ပါ။ မျက်နှာသာမက အသားအရေအတွက်ပါ နေလောင်ကာခရင် လိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် နေပူထဲသွားတဲ့နေ့တွေဆိုရင် အထူးဂရုစိုက်သင့်ပါတယ်။

၃။ Wax လုပ်ပါ

သင့်ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေ မရှိမှ အသားပိုလင်းတယ် ထင်ရစေပါတယ်။ ဥပမာ- ခြေသလုံးမွှေး ရိတ်လိုက်တဲ့နေ့ဆိုရင် ခြေထောက် ပိုဖွေးသွားတာမျိုးပါ။ ဒါပေမဲ့ ရိတ်တာထက် Waxing ပို လုပ်သင့်ပါတယ်။ Waxing လုပ်တာက အသားအရေကို ပိုဝင်းသွားစေပါတယ်။

၄။ Dry Brush

Photo Source: Well Humans

Dry Brush လုပ်ပေးတာက အသားအရေ သွေးလည်ပတ်မှု ကောင်းစေတဲ့အပြင် အရင်ထက် အသားပိုကြည်စေပါလိမ့်မယ်။ ရေမချိုးခင်တိုင်း တစ်ကိုယ်လုံးကို Dry Brush နဲ့ စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးသင့်ပါတယ်။

၅။ Scrub သုံးပါ

Scrub မှာမှ အသားလင်းချင်တယ်ဆိုရင် Shimmer ပါတဲ့ Scrub တွေကို သုံးနိုင်ပါတယ်။ တစ်ပတ်မှာ တစ်ခါလောက် Scrub ပုံမှန်တိုက်ပေးရင်ကို သင့်အသားအရေ အရင်ထက် ဖြူဝင်း စိုပြေလာပါလိမ့်မယ်။

၆။ Body Lotion နဲ့ Coconut Oil

အသားအရေ ရေဓာတ်ပြည့်ဝစွာ စိုပြေလာဖို့ Scrub တိုက်ပြီးတာနဲ့ Body Lotion လိမ်းသင့်ပါတယ်။ ဒီ Body Lotion နဲ့အတူ အုန်းဆီကိုပါ ထည့်လိမ်းပေးသင့်ပါတယ်။ အုန်းဆီက အသားအရေကို ပိုမိုစိုပြေစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar