ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ မိတ်ကပ်အရောင်ငြိမ်ငြိမ်နဲ့ Matte ဖြစ်တဲ့ပုံစံတွေထက် စိုစိုပြောင်ပြောင်လေး Glow နေတဲ့ မိတ်ကပ်ပုံစံမျိုးကိုပိုကြိုက်တဲ့သူတွေရှိကြလား။ ဒါဆိုရင်တော့ အခုပြောပြပေးမယ့် မိတ်ကပ်ပြင်ဆင်နည်းအဆင့်တွေက လိမ်းပြီးတဲ့နောက် ရိုးရိုးရှင်းရှင်းလေးနဲ့ Glow နေစေဖို့ သင့်ကို ကူညီပေးပါလိမ့်မယ်။ ဒီတော့ ပြင်ဆင်ပေးရမယ့် အဆင့်လေးတွေကိုကြည့်လိုက်ရအောင်-

၁။ Highlight

Photo Source: Sophia Kleo Youtube

Glow ဖြစ်တဲ့မိတ်ကပ်ပုံစံအတွက် Highlight ကတော့မပါမဖြစ်ပါပဲ။ ဒါကြောင့် Foundation မသုံးခင်မှာ Highlight ကိုအရင်ဆုံးသုံးပေးရပါမယ်။ Liquid အမျိုးအစား Highlight ကို Sponge လေးနဲ့ ခပ်ဖွဖွ ပွတ်လိမ်းပေးပါ။ ဒီနေရာမှာသတိထားရမှာက Highlight အရောင်အပေါ်မူတည်ပြီး မျက်နှာ အရမ်းလင်းသွားနိုင်တာကြောင့် သဘာဝဆန်ပြီး ခပ်ပြေပြေလေး Glow ဖို့အတွက် အရောင်အရမ်းတောက်တဲ့ Highlight မျိုးကိုရှောင်ပြီး လိမ်းပေးဖို့လိုပါတယ်။ Highlight ပြီးတော့မှ ကိုယ့် အသားအရေအရောင်နဲ့ လိုက်ဖက်တဲ့ Foundation ပါးပါးလေးလိမ်းပေးပါ။

၂။ Concealer

Foundation လိမ်းပြီးတဲ့အခါ Concealer ကို မျက်နှာရဲ့ကျန်နေတဲ့အမဲစက်နဲ့ မျက်ကွင်းညိုတဲ့ နေရာတစ်ဝိုက်မှာ အသုံးပြုပေးရပါမယ်။ ပြီးနောက် Sponge လေးနဲ့ထပ်မံဖြန့်ပြီးပွတ်လိမ်းပေးပါ။

၃။ Bronzer

တတိယအဆင့်ကတော့ Bronzer သုံးပြီး မေးနဲ့ ပါးရိုးတွေကို Contour လုပ်ပေးရမှာပါ။ Contour အရောင်ကြောင့် မျက်နှာအရမ်းမညိုသွားစေဖို့အတွက် သုံးပြီးတဲ့နောက်မှာ Concealer နဲ့ပြန်လည်ပြီး ညှိနိုင်ရင်ပိုကောင်းပါတယ်။

၄။ Eyebrow

မျက်ခုံးဆွဲပေးရမယ့်အဆင့်ဖြစ်ပါတယ်။ မျက်ခုံးခြယ်တဲ့အခါမှာ Gel ဒါမှမဟုတ် Liquid အမျိုးအစားကို အသုံးပြုပြီး Brush နဲ့ခပ်ပြေပြေလေးဆွဲပေးရပါမယ်။

၅။ Eyeshadow

နောက်တစ်ဆင့်အနေနဲ့ မျက်ခွံပေါ်မှာ သာမန် Eyeshadow Palette အစား Highlighter ကိုပဲအသုံးပြုပြီး သူ့အပေါ်က Face Gloss (သို့) Lip Gloss အရောင်စိုစိုလေးနဲ့ တွဲပြီးခြယ်ပေးရမှာပါ။ Gloss တွေက သင့်မျက်လုံးကိုကြည်ကြည်စိုစိုလေးနဲ့ ထင်းနေစေတာကြောင့် လိုချင်တဲ့ Glow Look ကိုအလွယ်တကူ ရစေပါတယ်။ ပြီးနောက်မှာတော့ Mascara လေးနဲ့ပုံမှန်အတိုင်း မျက်တောင်ကော့ပေးရပါမယ်။

၆။ Blusher

Blusher အတွက်လည်း Powder အစား Lip Gloss ဒါမှမဟုတ် အစိုဓာတ်ပေးနိုင်တဲ့ Watery ပုံစံ Blusher တွေကိုအသုံးပြုပေးရပါမယ်။ ဒါက သင့်ကို အခြားသော Glitter တွေနဲ့ခြယ်စရာမလိုဘဲ အရောင်စိုစိုလေးနဲ့ Glow နေစေမှာပါ။

၇။ နှုတ်ခမ်းနီ

နှုတ်ခမ်းကို ကြာရှည်ခံပြီးပြည့်ပြည့်ဖူးဖူးလေးဖြစ်နေစေမယ့် Lip Liner Pencil လေးနဲ့ ပုံဖော်ပြီးဆိုးပေးရပါမယ်။ ပြီးနောက် သူ့ရဲ့အပေါ်ကနေ Juicy ဖြစ်တဲ့ Lip Gloss လေး သုံးပေးဖို့လိုပါတယ်။

၈။ Facial Mist

နောက်ဆုံးအဆင့်အနေနဲ့ တစ်နေကုန် အစိုဓာတ်ရနေစေဖို့ Hydrating Facial Mist လေးဖြန်းပေးရပါမယ်။ ဒါဆိုရင်တော့ သင်လိုချင်တဲ့ သဘာဝဆန်ဆန် ကြည်ကြည်စိုစိုလေး Glow နေတဲ့ Makeup Look လေးကို ပိုင်ဆိုင်နိုင်ပြီပဲ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar