အိပ်ပျော်သွားပြီး ညဘက်တွေရောက်ရင် ပြန်နိုးပြီး အိပ်မရတော့တာမျိုး ဖြစ်ဖူးကြမှာပါ။ တစ်ချို့ကျတော့ တစ်ခါတစ်လေမှဖြစ်ပေမယ့် တစ်ချို့ကျတော့ ညသန်းခေါင်မှာ တစ်ရေးနိုးလာတာမျိုးက ပုံမှန်လိုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ တစ်ရေးနိုးလာရင် အမြန်ဆုံးပြန်ပြီးအိပ်ပျော်သွားအောင် လုပ်ပေးနိုင်မယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အလင်းနဲ့အသံကိုလျှော့ထားပါ

တစ်ရေးနိုးလာရင် ချက်ချင်းပြန်အိပ်မရလို့ဆိုပြီး မီးတွေဖွင့်တာမျိုး၊ တစ်ခုခုကို အသံဖွင့်ကြည့်တာမျိုး မလုပ်ပါနဲ့။ ဒီလိုတွေလုပ်ရင် မျက်လုံးကြောင်ပြီး ပိုအိပ်မပျော်တော့ပါဘူး။ ဒါကြောင့် နိုးလာလည်း မီးအရောင်ကို မှိန်မှိန်ပဲထားပါ။ အသံတွေကိုလည်း လျှော့ထားပါ။

အိပ်ယာထဲကအနေခဏထွက်လိုက်ပါ

တော်ရုံနဲ့ပြန်အိပ်မပျော်ရင် အိပ်ယာထဲမှာ ဆက်ပြီးလိမ့်နေတာမျိုး မလုပ်ပါနဲ့။ အိပ်ယာထဲကနေထွက်ပြီး ရေသောက်တာပဲဖြစ်ဖြစ်၊ ခဏလမ်းလျှောက်၊ အကြောဆန့်တာမျိုးလုပ်ပြီးမှ ပြန်အိပ်ကြည့်ပါ။ ဒါက မြန်မြန်ပြန်အိပ်ပျော်စေပါတယ်။

နာရီကိုမကြည့်ပါနဲ့

နိုးလာပြီး ပြန်အိပ်မရရင် နာရီကို ခဏခဏမကြည့်ပါနဲ့။ ဘယ်အချိန်ရှိနေပြီလဲ ပြန်လည်းအိပ်မရတော့ဘူးဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပိုအိမ်မပျော် ဖြစ်စေပါတယ်။ ဒါကြောင့် နာရီကြည့်နေမယ့်အစား ၁ ကနေ ၁၀၀ ထိရေပြီး အိပ်ကြည့်ပါ။

Screen time မလုပ်ပါနဲ့

တစ်ရေးနိုးလာပြီး ဖုန်းကြည့်တာမျိုး၊ တီဗီ၊ ကွန်ပြူတာကြည့်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒီလို screen time လုပ်လိုက်ရင် မျက်လုံးကျယ်ပြီး ပိုအိပ်မပျော်တော့ပါဘူး။

တရားထိုင်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

တစ်ရေးနိုးလာပြီး အမြန်ဆုံးပြန်အိပ်ပျော်ချင်ရင် တရားထိုင်တာမျိုး၊ မျက်စိမှိတ်ပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးပါ။ မြန်မြန်ပြန်အိပ်ပျော်သွားပါလိမ့်မယ်။

Relax ဖြစ်စေတဲ့ သီချင်းနားထောင်ပါ

အိပ်ယာထဲမှာပဲ နားကြပ်တပ်ပြီးပဲဖြစ်ဖြစ်၊ အခန်းထဲမှာ တိုးတိုးလေးဖွင့်ထားပြီးတော့ပဲဖြစ်ဖြစ် relax ဖြစ်စေမယ့် သီချင်းအေးအေးလေးတွေကို နားထောင်ပြီး ပြန်အိပ်ပါ။ မြန်မြန်အိပ်ပျော်သွားပါလိမ့်မယ်။