ကိုယ်လက်ရှိတွဲနေတဲ့ချစ်သူက ကိုယ့်အပေါ်မှာ ဖောက်ပြန်နေတာကို သိလိုက်ရတဲ့အချိန်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသူများအတွက် လုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

မျက်နှာချင်းဆိုင်ရှင်းပါ

တကယ်ပြဿနာ အကြီးအကျယ်တက်ပြီဆိုရင် ဖုန်းဆက်ပြောတာ၊ စာပို့တာတွေက အဆင်မပြေပါဘူး။ စကားအခြေအတင်ဖြစ်နေချိန် သူ့ဘက်က ရှောင်ထွက်သွားတာမျိုး၊ ဖုန်းမကိုင်တော့တာ၊ block လိုက်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် မျက်နှာချင်းဆိုင်ပြီးသာ ဒဲ့ရှင်းပါ။

မေးပါ၊ ပြောတာနားထောင်ပါ

ဘာကြောင့်ဖောက်ပြန်လဲဆိုတာကို မေးပါ။ သူပြောတာတွေကို လိမ်သည်ဖြစ်စေ၊ မလိမ်သည်ဖြစ်စေ နားထောင်လိုက်ပါ။ ဖောက်ပြန်နေတယ်ဆိုပြီး တန်းပြတ်တာထက် အကြောင်းအရင်းကို သိရတာက ပိုကောင်းမယ်ထင်ပါတယ်။ ဒါကြောင့် မေးပါ။ သူဖောက်ပြန်တယ်ဆိုတာ ကိုယ့်ဘက်က သက်သေပြနိုင်ရင် ပိုကောင်းပါတယ်။ ဒါမှ လုံးဝငြင်းလို့မရမှာပါ။

သေချာစဉ်းစားပါ

သူ့ဘက်က ဖောက်ပြန်ရတဲ့ အကြောင်းအရင်းကို သိပြီဆိုရင် ကိုယ်ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားလို့ရလောက်ပြီ ထင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဒီလိုဖောက်ပြန်တဲ့သူနဲ့ ဆက်တွဲနိုင်မလား၊ လမ်းခွဲချင်သလား သေချာစဉ်းစားပါ။

ဆုံးဖြတ်ချက်ချပါ

ချစ်တယ်ဆိုပြီး ဖောက်ပြန်တာကို ခွင့်လွှတ်ပေးလိုက်ရင် တစ်ခါလုပ်ဖူးတဲ့သူက နောက်လည်း ထပ်မလုပ်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ လမ်းခွဲမယ်ဆိုရင်တော့ လုံးဝမေ့ပစ်နိုင်အောင်သာ ကြိုးစားပါ။ ဒီလိုဖောက်ပြန်တဲ့သူကိုမှ မမေ့နိုင်ပဲ ခံစားနေရင် ကိုယ်ပဲ နှစ်ခါပြန်ရှုံးပါတယ်။

အရမ်းချစ်လို့ မပြတ်နိုင်ဘူး၊ သူ့ဘက်ကလည်း ကတိတွေပေးပြီး တောင်းပန်တယ်၊ တစ်ဖက်လူကိုလည်း ဖြတ်လိုက်ပြီဆိုရင်တော့ ကိုယ့်အနေနဲ့ သေချာညှိုနှိုင်းပြီး ကတိတွေတောင်းဖို့ လိုပါတယ်။