မျက်ကွင်းအရမ်းညိုတဲ့သူတွေအနေနဲ့ မိတ်ကပ်လိမ်းတဲ့အခါမှာ မျက်ကွင်းညိုတာကို သေချာဖုံးချင်တယ်ဆိုရင် concealer တစ်မျိုးထဲ ပြီးစလွယ်သုံးလို့မရပါဘူး။ ဒါကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာ မျက်ကွင်းညိုတာ မသိသာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ မျက်ကွင်းညိုတာကိုပါ သက်သာစေမယ့် နည်းလမ်းတွေဖြစ်တာကြောင့် try ကြည့်သင့်ပါတယ်။

Eye Mask ကပ်ပါ

မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာ သက်သာစေဖို့ eye mask ကပ်ပေးပါ။ မိတ်ကပ်မလိမ်းခင် အရင်ဆုံးလုပ်ရမှာက eye mask ကပ်တာပါပဲ။ မျက်လုံးနားတစ်ဝိုက် အသားခြောက်တာ သက်သာစေပြီး bright ဖြစ်သွားစေပါတယ်။ မိတ်ကပ်လိမ်းရတာလည်း ပိုပြီး smooth ဖြစ်စေပါတယ်။

Rose Qquartz Roller

Rose quartz roller နဲ့ eye area ကို massage လုပ်ပေးရင် မျက်အိတ်ဖောင်းတာနဲ့ အရေးအကြောင်းတွေ သက်သာစေပြီး သွေးစီးဆင်းမှု ပိုမိုကောင်းမွန်စေတယ်၊ မျက်ကွင်းညိုတာတွေ သက်သာစေပါတယ်။ မိတ်ကပ်မလိမ်းခင်မှာ ဒီအဆင့်ကိုပါ အချိန်ပေးပြီး လုပ်သင့်ပါတယ်။

Eye Primer

မိတ်ကပ်ကြာရှည်ခံဖို့၊ မိတ်ကပ်လိမ်းရတာ ပိုကောင်းစေဖို့ primer လိမ်းသလို မျက်လုံးနားတစ်ဝိုက်အတွက် eye primer သီးသန့်သုံးပေးပါ။ Eye primer သုံးပေးတာက မျက်ကွင်းညိုတာ လျော့ကျစေပြီး ကိုယ်သုံးမယ့် eyeshadow နဲ့ concealer ကိုလည်း ပိုပြီး ကြာရှည်ခံစေပါတယ်။

Color နဲ့သုံးပါ

မျက်ကွင်းညိုတာ မသိသာစေဖို့အတွက် မျက်လုံးအတွက်ဆိုရင် peach-toned or reddish concealers သုံးပါ။ မျက်နှာတစ်ပြင်လုံးကို concealer အရောင်တစ်မျိုးထဲ မသုံးရပါဘူး။

Concealer Type သေချာရွေးပါ

Concealer type တွေက cream, liquid, stick, pencil စသဖြင့် အများကြီးရှိပါတယ်။ ကိုယ်ကမျက်ကွင်းညိုတဲ့အပြင် မျက်လုံးနားတစ်ဝိုက်ကလည်း အသားခြောက်တယ်ဆိုရင် cream or liquid concealer မျိုးကို ရွေးသုံးပေးပါ။ Under eye skin က အဆီပြန်တတ်တယ်ဆိုရင်တော့ matte finish ရစေတာမျိုးကို ရွေးသုံးဖို့လိုပါတယ်။

Concealer Shade သေချာရွေးပါ

မျက်ကွင်းညိုတယ်ဆိုပြီး ကိုယ့်အသားအရောင်ထက် ပိုဖြူတဲ့ concealer ကို ရွေးသုံးမိရင် natural မဆန်တော့ပဲ under eye area က white case ဖြစ်ပြီး ကျန်ခဲ့ပါလိမ့်မယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့သလို color concealer ကိုပါ တွဲသုံးပေးပါ။

Powder သုံးပါ

Concealer သုံးပြီးတိုင်းမှာ မျက်လုံးနားတစ်ဝိုက် under eye area ကို powder လေးထပ်ပုပ်ပေးပါ။ ဒါမှ လိမ်းထားတာလေးတွေက သိပ်သိပ်ညက်ညက်လေးဖြစ်ပြီး ပိုလှနေမှာပါ။ မျက်ကွင်းညိုတာလည်း မသိသာတော့မှာပါ။